ဘဝမှာ တစ်ကြိမ်တစ်ခါတော့
လူတစ်ယောက် ရူးရူးမူးမူး ချစ်ဖူးခဲ့ကြတယ်မလား ။
ကျွန်မဘဝမှာလည်း ယောကျာ်းတစ်ယောက်ကို
ရူးရူးမူးမူးချစ်ခဲ့ဖူးတယ် ။ အဲဒါဟာ မောင်ပါပဲ ။
ဘယ်လောက်ထိလည်းဆိုရင် နာမည်ကြားလိုက်တာနဲ့ရင်ခုန်ခဲ့တဲ့ အချိန်တွေကနေ နာမည်လေးကြားလိုက်တာနဲ့ သွေးရူးသွေးတန်း အော်ငိုနေမိတဲ့နေ့တွေအထိပါပဲ ။
မောင်က အဲ့ဒီလို ကျွန်မဘဝကို စိုးမိုးခဲ့တယ် ။ ဟုတ်တယ် မောင်က ကျွန်မကို အဲ့လိုအရူးတစ်ပိုင်း ဖြစ်စေခဲ့တယ် ။ မောင်က ကျွန်မရဲ့အချစ်ဦးမို့ ကျွန်မရူးတာလား
မချစ်ဖူးခဲ့လို့ပဲ ကျွန်မရူးခဲ့တာလား သေသေချာချာ ကျွန်မမသိ ။ ဒါပေမဲ့ သေချာတစ်ခုကတော့ ကျွန်မ မောင့်လောက်ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး ။ အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့ဘူးတဲ့ ဟုတ်ပါတယ် ကျွန်မဖြင့် မောင့်ကို မေ့သွားတဲ့ နေ့ဆိုတာကို မရှိခဲ့ပါဘူး ။ မောင်ကလေ ကျွန်မ သိပ်မြတ်နိုးရတဲ့ ကံ့ကော်ပန်းကလေးလိုပဲ ။ မခူးရက် မပန်ရက် မချွေရက်လေး ။မောင့်ကို ကျွန်မရူးလောက်အောင် ချစ်တယ် ချစ်ခဲ့တယ် ပြီးတော့ ချစ်နေဆဲ ။
လောကကြီးကို တောင်းဆိုလို့ရမယ်ဆိုရင် ကျွန်မတောင်းဆိုချင်တယ် ။ တစ်ဘဝစာအတွက်မှမဟုတ် တစ်ခဏတာလေးတောင် ပေးမတွေ့ပါနဲ့လား လို့ ….
#မယ်ညို #မောင့်နွေဦး