2 w - Translate

ရှုံးတယ်ပဲ ပြောပြော
တုံးတယ်ပဲဆိုဆို

တစ်ဘဝစာ အတွက်
သံသရာကို အဆိပ်မခပ်ဘူး။

လူလည်ကျမှ
ထမင်းဝမယ်ဆို
အငတ်ခံရင်း သေမယ်။

ရိုးသားရတာ
ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။

ပက်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့
ကိုယ့်ကိုယ်ကျင့်တရားကို မရင်းဘူး။

မိတ်ဆွေနဲ့ ကိုယ်ကျင့်တရားဆို
မိတ်ဆွေကို စွန့်မယ်။

ချစ်သူနဲ့ ကိုယ့်ကျင့်တရားဆို
ချစ်သူကို စွန့်မယ်။

အသက်နဲ့ ကိုယ်ကျင့်တရားဆို
အသက်ကို စွန့်မယ်။

ကိုယ်ကျင့်တရားမဲ့
လောကကို ဒုက္ခပေးပြီး
ရွံစရာ ဘဝနဲ့ မရှင်သန်ချင်ဘူး။

Credit

image