2 w - Translate

အကောင့်ထဲမှာ သူမရှိတော့ပေမယ့်
ရင်ဘတ်ထဲမှာ သိမ်းထားလိုက်ပါတယ်

ဘယ်တော့မှမမေ့သော သတိရခြင်းတွေနဲ့
အမြဲသတိရနေပါ့မယ်

‌တွေ့ဆုံရတာ တခဏတာဆိုပေမယ့်
တဘဝစာ အမှတ်ရစေမယ်ဆိုတာ ယုံပါ

တွေ့ဆုံချိန် အများကြီးချစ်ပေးခဲ့သလို
ဂရုစိုက်ပေးခဲ့ပြီးပြီမို့

ချန်ထားခဲ့လိုက်ခြင်းမှာ လိပ်ပြာသန့်သန့်နဲ့
သတိရနေပါ့မယ်

ကိုယ့်ကြောင့် ပျော်ခဲ့ရသည်ဖြစ်စေ
ကိုယ့်ကြောင့် ငိုခဲ့ရသည် ‌ဖြစ်စေ

(အားလုံးအတွက် တောင်းပန်ပါတယ်နော်)

ဝေးသွားမှာစိုးလို့သာ သီးခံနေခဲ့မိတာ
လုပ်ရက်တွေက ရင်နာစရာချည်းပဲမို့

ဒီတစ်ခါတော့ ပြတ်သားလိုက်တာပါ
မချစ်ခဲ့လို့လားဆို ရင်နှင့်အမျှချစ်ခဲ့သည်ပေါ့

ပြစ်ခဲ့ပြီဆိုတော့လဲ နောက်ပြန်မလှည့်တက်သူမို့
နောက်ကျန်ခဲ့ရခြင်းမှာ ဘယ်သူ့အမှားဆိုတာ
သေချာသုံးသပ်တက်ပါစေ ။

နေခ/စာတိုက်ပုံး

image