2 w - Translate

မုန်တိုင်း လမ်းကြောင်းကို AI နည်းပညာနဲ့ ခန့်မှန်းနေတဲ့ ထိုင်ဝမ်
====================================
AI ကို နယ်ပယ်များစွာမှာ အသုံးချနေကြပြီး မုန်တိုင်းခန့်မှန်းတဲ့ နယ်ပယ်မှာတောင် အသုံးပြုလာကြပါတယ်။ မကြာခင်က ထိုင်ဝမ် မြောက်ပိုင်း ရေပြင်ကို နီးကပ်လာခဲ့တဲ့ ဘီဘင်ကာ မုန်တိုင်း လမ်းကြောင်းကို ထိုင်ဝမ်က AI အသုံးပြုပြီး ခန့်မှန်းခဲ့ပါတယ်။ ထိုင်ဝမ် မိုးလေဝသ ပညာရှင်တွေက AI ဟာ မုန်တိုင်းလမ်းကြောင်းကို အလွန်တိကျစွာ ခန့်မှန်းနိုင်တယ်လို့ ပြောပါတယ်။
အဲဒီ AI မှာ Nvidia အပါအဝင် နည်းပညာကုမ္ပဏီကြီး တချို့ရဲ့ Software ကို အသုံးပြုထားပါတယ်။ တိုင်ဖွန်း မုန်တိုင်းကို ခန့်မှန်းရာမှာ သမားရိုးကျ နည်းလမ်းတွေထက် အဲဒီ AI က ပိုအစွမ်းထက်ပါတယ်။
ထိုင်ဝမ်ဟာ ဇူလိုင်လမှာ Gaemi တိုင်ဖွန်းမုန်တိုင်း လမ်းကြောင်းကို AI နဲ့ ပထမဆုံးအကြိမ် ခန့်မှန်းခဲ့ပြီး တိကျစွာ ခန့်မှန်းနိုင်ပါတယ်။ Gaemi ဟာ ထိုင်ဝမ်မှာ ၈ နှစ်အတွင် အားအကြီးဆုံး မုန်တိုင်း ဖြစ်ပြီး စံချိန်တင်မိုးရွာသွန်းခဲ့ပါတယ်။
ထိုင်ဝမ် ရာသီဥတု ပညာရှင်တွေက AI ဟာ Gaemi မုန်တိုင်း ထိုင်ဝမ်ကို မရောက်ခင် ၈ ရက်အလို ကတည်းက ခန့်မှန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Ref : theverge
Digital Times

image