2 w - Translate

တောင်ငူရေဘေး ကယ်ဆယ်ရင်း ဆုံးပါးတဲ့လူငယ်တစ်ဦးရဲ့ စျာပန ပြုလုပ်

ပဲခူးတိုင်း၊ တောင်ငူမြို့မှာဖြစ်ပွားနေတဲ့ ရေဘေးကို ကူညီကယ်ဆယ်ရေးလုပ်ရင်း သေဆုံးခဲ့သူ အသက် ၂၆ နှစ်အရွယ် လူငယ်ရဲ့စျာပနကို တောင်ငူမှာ စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

စောနော်ဂျာဆိုတဲ့ အဲဒီလူငယ်ဟာ ရေဘေးမှာ ပိတ်မိနေသူတွေကို ကူညီဖို့လုပ်ရင်း စက်တင်ဘာလ ၁၅ ရက်နေ့မှာ ရေထဲမျောပါပြီး အဲဒီနေ့မှာပဲ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။
‘‘သူ့မှာ အမေပဲရှိတော့တယ်။ ရေဘေးရှောင်ရင်း ဘုရားကျောင်းမှာပဲ နေတာ။ အိမ် ရေမြုပ်လို့ မိသားစုကို ရွှေ့ပေးပြီးတဲ့နောက်မှာ ရေဘေးကယ်ဆယ်ရေး လိုက်လုပ်ရင်း ရေထဲမျောပါပြီး ဆုံးသွားတာပါ’’ လို့ စျာပနမှာရှိနေတဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းမှာ စစ်တောင်းမြစ်ရေကြောင့် တောင်ငူမြို့မှာ ရေကြီးမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ကူညီကယ်ဆယ်ရေးလုပ်ရင်း သေဆုံးသူ အမျိုးသား ၃ ဦးအထိရှိလာနေပါတယ်။
BBC

imageimage