2 w - Translate

ONE နဲ သွေးသစ်ရဲ့ ရှေ့ဆက်ခရီး ဘာလဲ ဘယ်လဲ..?
….........................
သွေးသစ်က မြန်မာနိုင်ငံမှာတော့ အမြင့်ဆုံး ဖိုက်တာပါ၊ ဒီနှစ်ပိုင်းအတွင်း သူ့ကို အနိုင်ထိုးနိုင်တဲ့သူမျိုး မရှိထားပါဘူး။
သူ ONE မှာ ၂ ပွဲ ရတယ်၊ ၂ ပွဲလုံး ရှုံးထားတယ်။
ပထမပွဲက ထိုင်းဖိုက်တာ ခွန်ဆုနဲ့၊ အပြတ်အသတ် ရှုံးခဲ့တယ်။
ဒုတိယ ပွဲက ဒီနေ့ ထိုးသွားတဲ့ ဥဇဘက် ဖိုက်တာ ခါဟော့ဗ် နဲ့ ပွဲ၊ ဒီပွဲလည်း အစစအရာရာ ကွာလွန်းတယ်.. ကြည့်တဲ့သူတွေ အားလုံး မျက်မြင်ပါပဲ၊ ပွဲထိုးနေရင်းနဲ့တောင် သေချာပေါက် ရှုံးမယ်လို့ အားလုံး တွက်လို့ ရခဲ့တယ်၊ ပြောရရင် ကံကောင်းပြီး မတော်ချီနဲ့ နိုင်ဖို့တောင် လုံးဝ လမ်းမရှိခဲ့တာပါ။
ONE မှာ သူရင်ဆိုင်ခဲ့ရတဲ့ ဖိုက်တာ ၂ ယောက်လုံးဟာ သူ့ထက် အရပ် ၃ လက်မ ပိုမြင့်ပြီး ပါဝါ သိသိသာသာ ကောင်းခဲ့တယ် ၊ ဒါက တပိုင်း။
အခြား တဖက်က ကြည့်ရင် ONE မှာ သွေးသစ်ရဲ့ ကစားဟန်ကလည်း အတော်လေး အားနည်းခဲ့တာပါ။ ဘာပညာမှ မပြနိုင်ခဲ့ပါဘူး။ ပြိုင်ဘက်ကို ထိထိရောက်ရောက် တချက်မှ မတုန့်ပြန်နိုင်ခဲ့ပါဘူး။
ခုဆိုရင် ၂ ပွဲထိုး ၂ ပွဲ ရှုံးဆိုတော့ ONE နဲ့ ရှေ့အလားအလာ အတော်လေး နည်းသွားပြီလို့ ဆိုရမယ်။
ONE နဲ့ အတော်လေး ကံမစပ်ဘူးလို့လည်း ဆိုနိုင်ပါတယ်။
ONE မှာ သွေးသစ်ကို အမျှော်လင့်ကြီး မျှော်လင့်ထားကြတဲ့ ပရိတ်သတ်တွေကလည်း အတော်လေး စိတ်ပျက်နေကြတယ်။ တချို့ပရိတ်သတ်တွေက စိတ်ပျက်နေတဲ့ ကြားထဲက စေတနာကောင်းနဲ့ သွေးသစ် ပိုကောင်းဖို့ အကြံညဏ်တွေ ပေးတာ လည်း တွေ့ရတယ်၊ ပရိတ်သတ်တွေ အများဆုံး အကြံပေးတာ ၂ ချက်က..
- ထိုးနေတုန်း ဘောင်းဘီ မ တဲ့ အကျင့်ပြင်ဖို့
- ဝိတ် သေချာ ချပြီး ကိုယ့်အရပ်နဲ့ ကိုက်ညီတဲ့ ဝိတ်တန်းမှာပဲ ထိုးဖို့
..
ဘယ်လိုပဲ ဖြစ်ဖြစ် သွေးသစ်ရဲ့ ကစားပုံက ONE ရဲ့ အကြိုက် မဟုတ်တာတော့ သေချာနေတာကြောင့် ၂ ပွဲဆက်လည်း ရှုံးထားတဲ့ အခြေအနေမှာ နောက်ထပ် ONE မှာ ပွဲထပ်ရဖို့ ဆိုတာ အလွန် ခက်ခဲသွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ONE မှာ ရှုံးပွဲတွေကြောင့် ပြည်တွင်းမှာပါ သွေးသစ်ရဲ့ အရှိန်အဝါက မှေးမှိန်သွားပါပြီ။
ဖိုက်တာ တစ်ယောက်ရဲ့ အနိမ့်အမြင့် အတက်အကျက ကြောက်စရာ ကောင်းပါတယ်။ ကြမ်းတမ်းပါတယ်၊ ဘယ်လောက်ပဲ နိုင်ပွဲ ဆက်ခဲ့ပါစေ၊ ၁ ပွဲ ၂ ပွဲလောက် ရှုံးလိုက်ရုံနဲ့ အရှိန်အဝါ မှေးမှိန်သွားပြီး အကျဘက်ကို တန်းရောက်သွားတာက combat sports ဖိုက်တာလောကရဲ့ သဘာဝပါပဲ။
..
စိုးနေ့သစ်

imageimage