2 w - Translate

*တန်ဖိုးမရှိလဲ ချစ်တဲ့သူကချစ်မှာပဲ

*တန်ဖိုးမရှိလဲ တန်ဖိုးထားတဲ့သူလက်ထဲရောက်ရင်တန်ဖိုးရှိမှာပဲလို့ ‌လူအများစုပြောကြလို့ ကျွန်မတော့ အဲ့စကားကိုလက်မခံဘူးကွယ်

*တန်ဖိုးမရှိလဲ တန်ဖိုးထားတဲ့သူလက်ထဲရောက်ရင်တန်ဖိုးရှိမှာပဲဆိုတာဟာ သတ္တဝါ‌လေးတွေ၊အရာဝတ္ထုတွေအတွက်တော့ဖြစ်နိုင်တယ် ဒါပေမဲ့ လူတစ်ယောက်အတွက်ကတော့ဒီစကားဟာ အတိအကျမမှန်နိုင်ဘူးနော်

*ကျွန်မအတွေးကတော့ ဘယ်သူချစ်ချစ်မချစ်ချစ် အမြဲတန်ဖိုးရှိအောင်နေရမယ်(တန်ဖိုးဆိုတဲ့နေရာမှာ Brand တွေ၊စိန်တွေ၊ရွှေတွေ၊ တခြားအစရှိတာတွေပေါ့ ဒီတန်ဖိုးတွေကိုပြောတာမဟုတ်ဘူး

*လူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ ကိုယ်ကျင့်သိက္ခာ ဒါတွေဟာလဲတန်ဖိုးပဲ

*မိန်းမတစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊လူတစ်ယောက်အတွက်ပဲဖြစ်ဖြစ် တန်ဖိုးဟာရှိကိုရှိနေရမယ်

*အဲ့ဒီတန်ဖိုးက ဘယ်သူ့အတွက်ရယ်မှမဟုတ်ဘူး ကိုယ့်အတွက်ကိုယ်တန်ဖိုးရှိနေရမယ်လို့ ကျွန်မထင်တယ်

*ဒါကြောင့် တန်ဖိုးမရှိလဲချစ်တဲ့သူကချစ်မှာပဲလို့၊ဘယ်လိုနေနေချစ်တဲ့သူကချစ်မှာပဲဆိုတဲ့စကားတွေကိုနားမယောင်စေချင်ဘူး

#ကျွန်မထင်မြင်ချက်ကိုရေးတာမို့လို့
မှားရင်လဲမှားနိုင်ပါတယ်ရှင့်

SawThet Phoo

image