2 w - Translate

ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ... နေပျော်သလိုသာ နေပါ

စကားတွေ အများကြီးမပြောတော့ဘူး မျှော်လင့်ချက်တွေ အများကြီး မထားတော့ဘူး စကားတွေ အများကြီးပြောရင် ရန်တွေ ဖြစ်ရတယ် ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေထားလို့ ဖြစ်မလာခဲ့ရင် ကိုယ်ပဲ ရင်မောရတယ်

ပြီးတော့ မမျှော်တော့ဘူးသိလား ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး ဘယ်တော့လဲဆိုတဲ့အချိန်တွေ မစောင့်တော့ဘူး မျှော်နေရင်း မောသွားတဲ့ လူတစ်ယောက်လို့ပဲထားပါ

ပြီးတော့ ... ကျွန်တော်က အတွေးသိပ်များပြီး ပွစိပွစိလုပ်တတ်တဲ့ လူတစ်ယောက်လို့ပဲ ထားပါ နေပျော်သလို နေလို့ရပါပြီ

ပြီးတော့ ... ခင်ဗျား ပျော်မယ်လို့ထင်တာကိုပဲ လုပ်ပါ ကျွန်တော် ... ပင်ပန်းနေပြီမို့ ကျွန်တော် ... လက်လျှော့လိုက်ပါပြီ ။

#sone 🤍🌻
Crd

image