2 w - Translate

ကိုယ့်ကို မပတ်သက်ချင်တဲ့
သူတစ်ယောက်ကို သွားမပတ်သက်ပါနဲ့...

ခတ်ကင်းကင်း နေလိုက်ခြင်းက သူ့အတွက်လည်း အနှောက်အယှက် မဖြစ်တော့သလို
ကိုယ်လည်း နာကျင်ရမှာ မဟုတ်တော့ပါဘူး။...

သတိရမိလို့ ဆက်သွယ်ချင်တဲ့ စိတ်ကိုထိန်းချူပ်လိုက်ပါ ဒီနေ့ မဆက်သွယ်ပဲနေနိုင်ရင် မနက်ဖြန်လည်း နေနိုင်သွားမှာပါ...

မနက်ဖြန် နေနိုင်တယ်ဆိုရင်
နောက်တစ်နေ့လည်း မဆက်သွယ်မိအောင်နေပါ...

တစ်ရက်ပြီး တစ်ရက်နေနိုင်သွားပြီး
ကိုယ့်အတွက် နာကျင်စေတဲ့ သံယောဇဉ်ကြိုးကို
အပြီးတိုင် လွှတ်ချနိုင်မှာပါ...

ကိုယ့်အတွက် နာကျင်စေမယ်ဆိုတာ
သိရဲ့သားနဲ့ ထပ်ပြီး မချည်နှောင်မိပါစေနဲ့...

အနာတရတွေနဲ့ ကိုယ့်ကိုယ်ကို ရစ်ပတ်နေရင် နောက်ဆုံး ဒဏ်ရာတွေနဲ့ ကိုယ့်ဘဝအလဲလဲအပြိုပြို ဖြစ်သွားလိမ့်မယ်...

သူ့အတွက် မလိုအပ်ဘူးဆိုရင်
ကိုယ့်အတွက်လဲ သူ့ကိုမလိုအပ်ပါနဲ့...

သူ့အတွက် ကိုယ်က အရံလူတစ်ယောက်ဆိုရင်
ကိုယ့်ဘဝက သူမဖြစ်ပါစေနဲ့...

သူ့အတွက် ကိုယ်က အနှောက်အယှက် တစ်ခုဆိုရင်
ကိုယ့်အတွက် သူက လိုအပ်ချက်တစ်ခု
မဖြစ်ပါစေနဲ့...

သူ့ဘဝထဲဝင်လာဖို့ ကိုယ့်ကို မဖိတ်ခေါ်ချင်တဲ့
လူတစ်ယောက်ကို ကိုယ့်စိတ်နှလုံးထဲမှာ နေရာ
မပေးမိပါစေနဲ့...

ကိုယ့်ကို မျက်ရည်ကျအောင်
လုပ်တဲ့လူတစ်ယောက်အတွက်ကိုပဲ
အချိန်ပြည့် ဖြည်းဆည်းပေးဖို့ မတွေးပါနဲ့...

ကိုယ့်ကို မလိုအပ်တဲ့ ပတ်ဝန်းကျင်မှာ
မာနတွေခဝါချပြီး အခြေချဖို့ မလိုပါဘူး...

ကိုယ့်အတွက် ဖြစ်တည်တဲ့ နေရာလေးမှာပဲ
ကိုယ့် တန်ဖိုးကိုယ်မြှင့်တင်ပြီး ကိုယ့်ကိုယ်ကို
ချစ်တတ်ဖို့ပဲ လိုတာပါ...

ကိုယ့်ကို မလိုအပ်တဲ့ သူအနားမှာ
ရှင်သန်နေသရွေ့ ကိုယ်က ဘယ်တော့မှ
တန်ဖိုးရှိလာမှာမဟုတ်ဘူး...

အချစ်ဆိုတာ ကိုယ့်ကို မလိုအပ်တဲ့ သူအတွက်တော့ စိတ်ဖျော်ဖြေစရာ တစ်ခုထက်ပိုမှာမဟုတ်ဘူး...

ကိုယ့်ကို တန်ဖိုးထားပြီး ချစ်တဲ့သူအတွက်တာ
အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတာပါ...❤

ဆုမြတ်နိုး (𝐰.𝐬 )

image