2 w - Translate

တိုနေးကိုခေါ်ရန် စဉ်းစားခဲ့ဟု အန်ဂျီ ပြော
---------------------
စပါးအသင်းရဲ့နည်းပြ အန်ဂျီ ပိုစတီကော့ဂလူက ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဆိုလန်ကီကို မခေါ်ယူခင် ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်း တိုနေးကို ခေါ်ယူဖို့အတွက် စဉ်းစားခဲ့တယ်လို့ စက်တင်ဘာလ(၂၀)ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်း တိုနေးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် ဆော်ဒီကလပ် အယ်အာလီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ စပါးနည်းပြအန်ဂျီက တိုနေးကိုခေါ်ယူဖို့ စိတ်ကူးခဲ့ပေမယ့် အဲဒီအချိန်က ဆိုလန်ကီဟာ အသင်းရဲ့ကစားကွက်နဲ့ ပိုပြီးတော့သင့် တော်မယ်လို့ ထင်တဲ့အတွက်ကြောင့် ဆိုလန်ကီကိုပဲ ခေါ်ယူခဲ့တာလို့ ပြောကြားသွားခဲ့ပါတယ်။

ဆိုလန်ကီဟာ စပါးအသင်းအတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပရိသတ် တွေရဲ့ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုလန်ကီအနေနဲ့ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပေမယ့် သွင်းဂိုးတွေကို ရရှိဖို့မျှော်လင့်သလို ခြေစွမ်းပြနိုင်ဖို့အတွက် အချိန်ပေးစောင့်ကြည့်ရမယ်လို့ စပါးနည်းပြ အန်ဂျီက ဆက်လက်ပြောကြားခဲ့ပါတယ်။

image