2 w - Translate

အသက်ရာပြည့်ကန်တော့ပွဲနှင့် ဓမ္မပူဇာ စာပေဆုချီးမြှင့်ပွဲပြုလုပ်
-------------------------
စာရေးဆရာကြီးဦးလေးမြိုင်ရဲ့အသက်(၁၀၀)ပြည့်ဂုဏ်ပြုကန်တော့ပွဲ၊ လေးမြိုင်ဓမ္မပူဇာစာပေဆုရရှိတဲ့ ဆရာ တော်တွေကို ဆုတွေဆက်ကပ်လှူဒါန်းပွဲနဲ့ ပိုသူလှူ လိုသူယူ စာအုပ်လှူဒါန်းပွဲအခမ်းအနားတွေကို စက်တင်ဘာ လ(၂၁)ရက် မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်၊ မယ်လမုဘုရားဝင်းအတွင်းရှိ ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။ လေးမြိုင်ဓမ္မပူဇာစာပေဆု ချီးမြှင့်လာတာဟာ အခုဆိုရင် ဒသမအကြိမ်မြောက်အထိ ရောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်မှာ ဓမ္မပူဇာစာပေဆုအဖြစ် အရှင်ဓမ္မိက(လောင်းလုံး)ရဲ့ အမေဝမ်းမြောက်ပါလေတော့ ဝတ္တုတိုစုစာအုပ်၊ အရှင်ရေဝတ(သာသနာ့ပျိုးခင်း)ရဲ့စာသင်သားတို့၏ဘဝနှင့်အားမာန်(၂)စာအုပ်နဲ့ အရှင် အဘယာလင်္ကာရ (မဟာဝိဟာရပါသီ)ရဲ့လူငယ်များနှင့်မေးကြဖြေကြ ဓမ္မဝိနယစာအုပ်တို့က ရရှိခဲ့တာဖြစ်ပါတယ်။ အသက်ရာ ပြည့်ဂုဏ်ပြုကန်တော့ပွဲနဲ့ လေးမြိုင်ဓမ္မပူဇာစာပေဆုချီးမြှင့်ပွဲကို ကြွရောက်လာကြသူတွေက ဆရာကြီးဦးလေး မြိုင်ကို ဂုဏ်ပြုကန်တော့ကြပြီး ဆရာကြီးဦးလေးမြိုင်က ဆုပေး မေတ္တာစကားတွေ ပြန်လည် မြွက်ကြားခဲ့ပါ တယ်။

image