2 w - Translate

ဂျပန်ပင်လယ်စာများကို တရုတ်ပြန်လည်တင်သွင်းခွင့်ပြုမည်
-------------------------
တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံကနေ ပင်လယ်စာ ထုတ်ကုန်တွေကို တဖြည်းဖြည်းချင်း ပြန်လည်တင်သွင်းသွားဖို့ သဘောတူညီလိုက်တယ်လို့ တောင်တရုတ်မနက်ခင်းသတင်း(South China Moring News)က သောကြာနေ့မှာ ဖော်ပြပါတယ်။ ဒါဟာ ဖူကူရှီးမား နျူစက်ရုံဟောင်းကနေ ပင်လယ်ပြင်ထဲ စွန်ပစ်ရေဆိုးတွေ စွန့်ထုတ်ခဲ့မှုကြောင့် ဂျပန်ပင်လယ်စာထုတ်ကုန်တွေကို တားမြစ်ပိတ်ပင်မှု ချမှတ်ခဲ့ပြီးနောက် တစ်နှစ်အကြာမှာ အခုလို ပြန်လည် တင်သွင်းခွင့်ပေးဖို့ သဘောတူလိုက်တာပါ။

အဲဒီကြေညာချက်ကို တရုတ်နဲ့ ဂျပန်တို့အကြား ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက် ထုတ်ပြန် ကြေညာခဲ့တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ရဲ့ မူဘောင်အတွင်းက ရေရှည်စောင့်ကြည့် ထိန်းကျောင်းမှုတွေနဲ့ သီးခြားဓာတ်ခွဲနမူနာတွေ စစ်ဆေးမှုကို လိုက်နာ အကောင်အထည် ဖော်ပြီးနောက်မှာ သိပ္ပံဆိုင်ရာ သက်သေ အထောက်အထားတွေကို အခြေခံပြီး လုပ်ထုံလုပ်နည်းတချို့ကို ပြန်လည်ညှိုနှိုင်းခဲ့ကြောင်းနဲ့ သတ်မှတ်စံနှုန်း တွေနဲ့ ကိုက်ညီတဲ့ ဂျပန်ရဲ့ ပင်လယ်စာ ထွက်ကုန်တွေကို ဖြည်းဖြည်းချင်း ပြန်လည်တင်သွင်းသွားမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဘက်ကလည်း လူ့ကျန်းမာရေးနဲ့ သဘာ၀ပတ်ဝန်းကျင်အပေါ် ဘေးမဖြစ်အောင် ရှောင်လွှဲဖို့အတွက် အဏ္ဏဝါပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေကို ဆက်လုပ်သွားဖို့ ရှင်းလင်းပြောဆိုထား တယ်လို့လည်း ဖော်ပြထား ပါတယ်။ အခု သဘောတူညီချက်ဟာ ရှန်ဇန်မြို့ ဂျပန်ကျောင်းသားလေးတစ်ယောက် အသတ်ခံရမှုကြောင့် ပေကျင်းနဲ့တိုကျိုအကြား သံတမန်ရေး အကျပ်အတည်း တစ်ခုကို ရှောင်လွှဲဖို့အတွက် ကြိုး ပမ်းနေချိန်မှာ ပေါ်ပေါလာတာဖြစ်ပါတယ်။

image