2 w - Translate

ရှန်ဇန်ဖြစ်ရပ်ကြောင့် တရုတ်ပြည်ရှိ ဂျပန်များ စိုးရိမ်ပူပန်နေ
-------------------------
တရုတ်နိုင်ငံ ရှန်ဇန်မြို့မှာ အသက် (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားလေး အသတ်ခံရမှုဖြစ်ပြီးတဲ့နောက် တရုတ် နိုင်ငံမှာ နေထိုင်တဲ့ ဂျပန်နိုင်ငံသားတွေကြားမှာ စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်လာနေတယ်လို့ ဘီဘီစီသတင်း မှာ သောကြာနေ့က ဖော်ပြပါတယ်။ တရုတ်ပြည်တွင်းက ထိပ်တန်း ဂျပန်လုပ်ငန်းကြီးတွေကလည်း သူတို့ရဲ့ ဝန်ထမ်းတွေကို သတိနဲ့ နေထိုင်သွားလာကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တိုရှီဘာနဲ့ တိုယိုတာ ကုမ္ပဏီတို့က သူတို့ရဲ့ ဝန်ထမ်းတွေကို ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ဘယ်လို အကြမ်းဖက်မှု မျိုးကိုမဆို သတိထား နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ ပန်နာဆိုနစ်ကလည်း သူတို့ရဲ့ အလုပ်သမားတွေကို အခမဲ့ အိမ်ပြန် လေကြောင်းခရီးစဉ်တွေ စီစဉ်ပေးနေပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း အဲဒီတိုက် ခိုက်မှုကို အလွန်အမင်း စက်ဆုပ်စရာကောင်းတဲ့ တိုက်ခိုက်မှုလို့ ခေါ်ဆိုလိုက်ပြီး ပေကျင်းအနေနဲ့ ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံထဲက ဂျပန်ကျောင်းတချို့က ကျောင်းသားမိဘတွေကို ဆက်သွယ်ပြီး အမြင့်ဆုံး သတိပေးထားပါ တယ်။ ကွမ်ကျိုးဂျပန်ကျောင်းကလည်း ကျောင်းရဲ့ လှုပ်ရှားမှုတချို့ကို ဖျက်သိမ်းလိုက်ပြီး အများပြည်သူဆိုင်ရာ နေရာတွေမှာ ဂျပန်စကားကို ကျယ်ကျယ်လောင်လောင် မပြောဖို့လည်း လမ်းညွှန်အကြုံပြု ထားပါတယ်။

image