2 w - Translate

ဂျော်ဂျီယာပြည်နယ်တွင် မဲကို လက်ဖြင့်ရေတွက်မည်
-------------------
ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတဲ့ အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ မဟာမိတ် တွေက ပြည်နယ်တွင်းမှာ မဲပြားတွေကို လက်နဲ့ ရေတွက်ရမဲ့ ဥပဒေတစ်ရပ်ကို သောကြာနေ့မှာ အတည်ပြုလိုက် ပါတယ်။ အဲဒီ အငြင်းပွားဖွယ်ရာ ဥပဒေကို ပြည်နယ်ထိပ်တန်း ကွန်ဆာဗေးတစ်အမတ်တွေက သတိပေးနေတဲ့ ကြားက အတည်ပြုလိုက်တာပါ။

အဲဒီဥပဒေအရ ပြည်နယ်တွင်း ခရိုင်မဲရုံတွေမှာ ရွေးကောက်ပွဲနေ့မှာ လာထည့်တဲ့ မဲတွေနဲ့ မဲပေးစက်ကနေ တစ်ဆင့် ထည့်တဲ့ မဲတွေရဲ့ အရေအတွက် တူညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးဖို့အတွက် မဲရုံ မှာ ထည့်တဲ့မဲတွေကို လက်နဲ့ ရေတွက်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဘုတ်အဖွဲ့က ထောက်ခံမဲ ၃ ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ဥပဒေကို အတည်ပြုခဲ့တာပါ။ ဒီနည်းလမ်းက သမ္မတရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ ပြည်နယ်မှာ မဲရလဒ် ထွက်ချိန်ကို ကြန့်ကြာစေလိမ့်မယ်လို့ ဘုတ်အဖွဲ့ဝင်တချို့က ကန့်ကွက်ထားကြပါတယ်။

ဂျော်ဂျီယာ ပြည်နယ် ရှေ့နေချုပ် ခရစ္စ ကားရ် က ပြည်နယ် ဥပဒေမှာ မဲတွေကို တရားဝင်ရေတွက်မှု မလုပ်ခင် ဒေသန္တရ မဲရုံ ဝန်ထမ်းတွေကို လက်နဲ့ မဲရေတွက်ခွင့် မပေးထားတဲ့အတွက် ဘုတ်အဖွဲ့ကနေ အတည်ပြုလိုက်တဲ့ လုပ်ထုံး လုပ်နည်းဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ သတိပေးထားပါတယ်။ ဒါ့အပြင် အခုလို မဲပေးမှုစည်းမျဉ်းတွေကို အပြောင်းအလဲလုပ်ဖို့က ရွေးကောက်ပွဲကာလနဲ့ အလွန်နီးကပ်လွန်းနေတယ်လို့လည်း ထောက်ပြဝေဖန်ထား ပါတယ်။

ဂျော်ဂျီယာပြည်နယ်ရွေးကောက်ပွဲတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက လက်နဲ့ မဲရေတွက်ခြင်း စည်းမျဉ်းသစ် က ရင်းမြစ်အလုံအလောက်မရှိတဲ့ ခရိုင်အဆင့် ရွေးကောက်ပွဲဘုတ်အဖွဲ့တွေအတွက် နောက်ထပ် ကြီးလေးတဲ့ ဝန်ထုပ်တစ်ခု ဖြစ်လာစေနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ် မဲရလဒ် ထုတ်ပြန်မှု နှောင့်နှေးကာ အခြေအနေရှုပ်ထွေးမှုနဲ့ သတင်းတုတွေ ထွက်ပေါ်လာဖို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင် ကြောင်း သတိပေးထားကြပါတယ်။

image