2 w - Translate

ဒီဘရိုင်း၏ ဒဏ်ရာအခြေအနေကို ဂွာဒီယိုလာ ပြော
--------------------
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အင်တာမီလန်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာရခဲ့တဲ့ ဒီဘရိုင်းရဲ့ ဒဏ်ရာက အခုအချိန်မှာ သက်သာလာခဲ့ပြီလို့ စက်တင်ဘာလ(၂၀)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ အင်တာမီလန်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာ ဒဏ်ရာရခဲ့တာကြောင့် ဒုတိယ ပိုင်းအစမှာတင် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပေမယ့် အခုအချိန်မှာ ဒီဘရိုင်းရဲ့ ဒဏ်ရာအခြေအနေက သက်သာလာ ခဲ့ပြီလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကညးခဲ့တာပါ။ မန်စီးတီးအသင်းဟာ စက်တင်ဘာလ(၂၂)ရက်မှာ အာဆင်နယ်အသင်းနဲ့ ကစားရဖို့ရှိနေပြီး အဲဒီပွဲစဉ်မှာ ဒီဘရိုင်း ပါဝင်ဖွယ်ရှိ၊ မရှိကိုတော့ အသင်းရဲ့နောက်ဆုံး လေ့ကျင့်ရေးအပေါ် မူတည်ကာ ဆုံးဖြတ်သွားရမှာဖြစ်တယ်လို့ လည်း နည်းပြဂွာဒီယိုလာက ဆက်လက်ပြော ကြားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်က ဇယားထိပ်ဆုံးကနှစ်သင်း ထိပ်တိုက်တွေ့ဆုံ နေကြ တာဖြစ်လို့ မန်စီးတီးအသင်းရဲ့ ပရိသတ်တွေကလည်း ဒီဘရိုင်း ပါဝင်ဖွယ် ရှိ၊မရှိကို စောင့်ကြည့်နေကြပါတယ်။

image