2 w - Translate

ရော်နယ်ဒို၏ အယ်နာဆာအသင်း ဂိုးပြတ်အနိုင်ရ
---------------------
စက်တင်ဘာလ(၂၀)ရက်နေ့က ကစားခဲ့တဲ့ အယ်အစ်တီဖတ်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းက ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းက နှစ်သင်းတွေ့ဆုံတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အကြိတ်အနယ်ရှိခဲ့ပေမယ့် အယ်နာဆာအသင်းက (၃)ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

အယ်နာဆာ အသင်းဟာ အခုပွဲစဉ်မှာ အသင်းရဲ့အဓိကတိုက်စစ်မှူး ရော်နယ်ဒိုအပြင် ချယ်လ်ဆီးအသင်းကနေ ခေါ်ယူခဲ့တဲ့ ဘရာဇီးလူငယ်ကစားသမား အိန်ဂျလိုဂါဘရီရယ်ကို ပွဲထွက်စာရင်းမှာ အသုံးပြုလာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အယ်နာဆာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၃၃)မိနစ်မှာ ရော်နယ်ဒိုက ပင်နယ်တီကတစ်ဆင့် သွင်းယူ ပေးခဲ့သလို ပွဲချိန်(၅၆)မိနစ်မှာ အယ်နက်ဂျ်ဒီ၊ မိနစ်(၇၀)မှာ တာလစ္စကာတို့က အသီးသီး သွင်းယူပေးခဲ့ကြပါ တယ်။ ဒီပွဲစဉ်က နည်းပြသစ် ပီအိုလီရဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး အယ်နာဆာအသင်းကလည်း အနိုင်ရရှိခဲ့တာ ကြောင့် ဆော်ဒီပရိုလိဂ်ပွဲစဉ်(၄)ရဲ့ အစောပိုင်းပွဲစဉ်တွေအပြီးမှာ (၄)ပွဲကစား၊ (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရမှတ် (၈)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

image