2 w - Translate

၃ နှစ်သား ဂျာမန်ကလေးငယ်၏ တကိုယ်တော်ပန်းချီပြပွဲ ကျင်းပ
-------------------
အသက် ၃ နှစ်သာရှိသေးတဲ့ ဂျာမန်လူငယ်အနုပညာရှင် လောရန့်ရှာဝပ်ဇ်ဟာ သူ့ရဲ့မွေးရပ်မြေ Neubeuern (နြိုက်ဗှိုင်ရာ) မှာ သူ့ရဲ့ပန်းချီကားတွေကို ပြသခြင်းမပြုခင် အထူးပြပွဲ ကျင်းပခဲ့ပါတယ်။ လောရန့်စ်ရဲ့ ပထမဆုံး အက်ခရိုင်းလစ် ပန်းချီကားတွေအတွက် ယူရို ၁၀၀၀၀ ကနေ ၂၇၀၀၀၀ အထိ လေလံဆွဲ ဝယ်ယူမှုတွေနဲ့အတူ ပြီးခဲ့တဲ့လတွေအတွင်းက အုတ်ဪသောင်းနင်း ဖြစ်ခဲ့ပါတယ်။

စိတ်ကူးမယဉ်နိုင်တဲ့ ယူရိုသိန်းချီတဲ့ ပမာဏ ရရှိထားပေမယ့် တချိန်ချိန်မှာ ဘာလုပ်ရမယ်ဆိုတာ လောရန့်ဘာသာ ဆုံးဖြတ်လိမ့်မယ်လို့ သူ့ဖခင် ဖိလစ်ရှာ ဝပ်ဇ်က ပြောပါတယ်။ လော်ရန့်စ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အီတလီအားလပ်ရက်ခရီးမှာ ပန်းချီစဆွဲခဲ့ ပါတယ်။ အဲဒီအချိန်ကစပြီး တစ်ပတ်ကို ပန်းချီကားတစ်ကားလောက် ရေးဆွဲခဲ့ပါတယ်။

ကျော်ကြားမှုနဲ့ ဆွဲဆောင် မှု ရှိနေပေမယ့် ပန်းချီကားဆက်ရေးဆွဲဖို့က လော်ရန့်ပေါ်ပဲ မူတည်တယ်လို့ လော်ရန့်ရဲ့ မိခင် လီစာ ရှဝပ်ဇ် ကလည်းပြောပါတယ်။ တကယ်လို့ လော်ရန့်က နောက်ထပ် ပန်းချီမဆွဲတော့ဘူးလို့ နှစ်ပတ် လောက်အတွင်း ပြောခဲ့မယ်ဆိုရင်လည်း ပြီးပြည့်စုံပါပြီလို့ လီဆာက ပြောပါတယ်။ လော်ရန့်စ်ရဲ့ ပန်းချီကား တွေကို ၂၀၂၄ ခုနှစ် ဧပြီလက မြူးနစ်ရဲ့ အကြီးဆုံးအနုပညာပြပွဲ "art.muc" (အာ့တ်မြု)မှာ ပြသခဲ့ပြီး အခု မွေးရပ်မြေမှာ ပထမဆုံး တစ်ကိုယ်တော်ပြပွဲကို ပြသမှာဖြစ်ပါတယ်။

image