2 w - Translate

ရေဘေးသင့်ပြည်သူများကို ထမင်းဘူးများ ဆက်လက်လှူဒါန်း
-------------------------
နေပြည်တော်ကောင်စီနယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေကို မလာရောက်နိုင်တဲ့ ရေဘေးသင့်ပြည်သူ တွေကို စက်တင်ဘာ ၂၁ ရက်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ထမင်းဘူးတွေကို ဆက်လက်လှူဒါန်း ခဲ့ပါတယ်။ ထမင်းဘူးလှူဒါန်းတာကို ရွှေသံလွင် Group SkyNet နဲ့ ShweBank မိသားစုတို့က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ထမင်းဘူးလှူဒါန်းရာမှာ ထမင်းဖြူ၊ ငါးကြော်နှပ်နဲ့ ငရုတ်သီးကြော်ပါတဲ့ ထမင်းဘူး (၂၅၀၀)ကို မနက်ပိုင်းမှာ လှူဒါန်းခဲ့ပြီး ညနေပိုင်းမှာတော့ ထမင်းဘူး(၂၅၀၀)ကို သွားရောက်ပေးလှူခဲ့တာပါ။ ရွှေသံလွင် Group SkyNet နဲ့ ShweBank မိသားစုတို့က နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ရေဘေးသင့် ပြည်သူတွေကို ပြီးခဲ့တဲ့စက်တင်ဘာ(၁၅)ရက်ကစပြီး နေ့စဉ်လှူဒါန်းနေတာဖြစ်တယ်လို့ သိရပါတယ်။

image