2 w - Translate

ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာဒုံမြို့နယ်နားက_ကံကူစေတီတော်ဘုရား🙏

ရန်ကုန် မင်္ဂလာဒုံမှာတင်
တောင်ကြီးနားက ပအိုဝ်းဒေသက
မွေတော်ကက္ကူလိုဘုရား🙏

မင်္ဂလာဒုံမြို့နယ်မှာ တည်ရှိသော အေးချမ်းလှသည့် ဓါတ်တော် မွေတော် ကံကူစေတီတော်(သို့) ပတ္တမြား ကျောင်းတော်ရာ🙏

မင်္ဂလာဒုံ_ပုလဲလမ်းဆုံကနေ
ကားနဲ့သွားမယ်ဆိုရင်၁၀မီနစ် ပါပဲ🚗လမ်းကောင်းတယ် ကွန်ကရိလမ်းနဲ့ ကတ္တရာလမ်းပါပဲကားလေးဝင်လို့ရတယ်

🚗လိုင်းကားနဲ့လာမယ်ဆိုရင် ပုလဲလမ်းဆုံမှာဆင်းပါ အဲကနေတစ်ဆင့် ဆိုင်ကယ်ဒါမှမဟုတ်အိုးဝေနဲ့သွားပါ

သွားရောက်မျှော်မယ်ဆိုရင်YBSရောက်နိုင်တဲ့ကားများ

🚗YBS 116 /36/92/ 32/35/97 စီးပြီး ပုလဲလမ်းဆုံ မှတ်တိုင်(သို့)ရခိုင်ကျောင်းမှတ်တိုင်မှာ ဆင်းပါ.
ပြီးရင် ဆိုင်ကယ် ကယ်ရီစီးပါ

🚙YBS - 36 /116 - ဆူးလေ / ရွေတိဂုံ / ကမ္ဘာအေး /
မဥက္ကလာ အဝိုင်း / ၆ကွေ့ /အောင်မဂ်လာ အဝေးပြေး /၃လမ်းဆုံ အဲ့ဒီကားမှတ်တိုင်တွေမှတဆင့်
စီးပြီးသွားရင် ရောက်ပါတယ်

🚕YBS - 35 မော်တင် / မြေနီကုန်း / စိုက်ပျိုးရေး / အင်းလျားကန်ဘောင် / ၈မိုင် /မဥက္ကလာအဝိုင်း / ၆ကွေ့ / အောင်မဂ်လာအဝေးပြေး / ၃လမ်းဆုံ
ဒီမှတ်တိုင်တွေမှ တဆင့်စီးပြီးသွားလဲ ရောက်ပါတယ်

🚎YBS - 92 ဇဝန /စံပြစျေး /တဥက္ကလာဘုရား /
ဘေလီ/ မဥက္ကလာ ၂စျေး /မဥက္ကလာ အဝိုင်း /
ခေမာသီ /စျစျေး/ ကန်သာယာ /၆ကွေ့ /အောင်မဂ်လာ အဝေးပြေး/ ၃လမ်းဆုံး ဒီမှတ််တိုင်တွေက
စီးလဲ ရောက်ပါတယ်

🚗YBS - 32 သန်လျင် / သာကေတအဝိုင်း သုဝဏ္ဏလမ်းဆုံ / ဇဝန /တဥက္ကလာ စာတိုက် / ဘေလီ /
မဥက္ကလာ ၂စျေး / မဥက္ကလာ အဝိုင်း / ၆ကွေ့ / အောင်မဂ်လာအဝေးပြေး / ၃လမ်းဆုံ ဒီမှတ်တိုင်တွေက စီးလည်း ရောက်ပါတယ်...

🚙YBS - 97 စီးပွားရေးတက္ကသိုလ် ရွာသားကြီး /
စံပြစျေး/ ဘေလီ / ကမ္ဘာအေး / ၈မိုင် / စော်ဘွားကြီးကုန်း / ခရေပင်လမ်းခွဲ / အမှတ် ၃လမ်းဆုံ / ပုလဲလမ်းဆုံထိ တိုက်ရိုက်ရောက်ပါတယ်
ကားတော့ရှားတယ်

ဓါတ်တော်မွေတော်ကံကူစေတီတော်( ပတ္တမြားကျောင်းတော်ရာ)
ရွှေနံသာကျေးရွာအုပ်စု၊မင်္ဂလာဒုံ

imageimage