2 w - Translate

အကြင်နာမဲ့တဲ့ကောင်းကင်....
.........

အကြင်နာမဲ့တဲ့ကောင်းကင်
မြေပြင်ကိုရေလောင်း
ရေကြောင်းမှာလူတွေမျှော
လောကကိုသတ်ပစ်လိုက်တယ်....

အကြင်နာမဲ့တဲ့ကောင်းကင်
ကြယ်စင်တွေကိုခြွေချ
အမှောင်ဆုံးညကိုဖန်တည်း
အနာဂါတ်ကိုအကျည်းတန်စေခဲ့တယ်....

အကြင်နာမဲ့တဲ့ကောင်းကင်ဟာ
အညှာအတာမဲ့
မာယာနဲ့ရေးဆွဲ
သွေးခွဲခြင်းအတတ်ကိုကျွမ်းကျင်လွန်းတယ်။

မောင်စိန်ဝင်း (ပုတီးကုန်း)

image