2 w - Translate

၂၀၂၆ ဆောင်းရာသီအိုလံပစ် သံတမန်အဖြစ် ဆင်နာကို ခန့်အပ်
---------------------------
အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ သံတမန်အဖြစ် ခန့်အပ်ခံ ရလို့ ဂုဏ်ယူတယ်လို့ ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာက ပြောကြားလိုက်ပါတယ်။

၂၀၂၆ ဆောင်း ရာသီ အိုလံပစ်ပြိုင်ပွဲရဲ့ စေတနာ့ဝန်ထမ်း ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Team 26” ရဲ့ သံတမန်အဖြစ် ဆင်နာကို စက်တင်ဘာ ၁၉ ရက်နေ့က ခန့်အပ်လိုက်တာဖြစ်ပြီး သူမွေးဖွားကြီးပြင်းခဲ့ရာဒေသနဲ့ အနီးတစ်ဝိုက်မှာ ကျင်းပ မယ့် ပြိုင်ပွဲအတွက် ကူညီပေးခွင့်ရလို့ ပျော်ရွှင်တယ်လို့ ဆင်နာက ပြောသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆင်နာဟာ ၂၀၂၄ ခုနှစ်အတွင်း ဩစတြေးလျအိုးပင်းနဲ့ ယူအက်စ်အိုးပင်း ချန်ပီယံဆုတွေကို ရယူခဲ့ပြီး ကမ္ဘာ့ အဆင့်-၁ နေရာကိုပါ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆောင်းရာသီ အိုလံပစ်လို ပြိုင်ပွဲမျိုးတွေဟာ စေတနာ့ဝန်ထမ်း တွေ မပါဘဲနဲ့ အောင်မြင်စွာကျင်းပနိုင်ဖို့ မဖြစ်နိုင်သလို စေတနာ့ဝန်ထမ်းတွေအတွက်လည်း အတွေ့အကြုံ ကောင်းတွေ ရစေနိုင်မှာဖြစ်တယ်လို့ ဆင်နာက ပြောသွားခဲ့ပါတယ်။

၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပ ရေးအဖွဲ့ကတော့ ၂၀၂၆ ဖေဖော်ဝါရီမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ၁၈၀၀၀ လောက် လိုအပ် လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

image