2 w - Translate

စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skincare များ
(အပိုင်း-၁၂)

HATOMUGI The Cleansing Oil📍

တဗူးဝယ်ပြီး တနှစ်သုံးလို့ရမယ့် cleansing oil လေးညွှန်ပေးမယ်ပြောထားတာ ခုတင်ပေးလိုက်ပါပြီနော်။

Nyi အနေနဲ့ ခံယူတာက cleansing step ဆိုတာ စျေးကြီးဖို့မလိုဘူး၊ fancy ဖြစ်ဖို့ luxury ဆန်ဖို့မလိုဘူး၊ မျက်နှာကအညစ်အကြေးတွေကို ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ပြောင်စင်အောင်သန့်စင်ပေးနိုင်ဖို့သာ လိုပါတယ်။ ခုချိန်မှာ cleansing oil တွေဆိုတာက စျေးမရှိမှအဆုံး 200ml လောက်ကို အနည်းဆုံး 3သောင်းခွဲ 4သောင်းအောက်ထစ်ဆိုတော့ double cleansing လုပ်ဖို့ကို မလွယ်တော့ဘူးပေါ့နော်။ Double cleansing မလုပ်ရင်လဲ နောက်ဆက်တွဲ အဆီဖုဝက်ခြံပြဿနာက လိုက်လာမှာဆိုတော့ စျေးသက်သာတဲ့ option လေးရှာရင်း Nyi သူ့ကိုတွေ့တာပါ။

Japan Brand ‘HATOMUGI' ကထွက်တာဆိုတော့ Quality ကိုစိတ်ချလို့ရပါတယ်။ 500ml size ကို 2သောင်းကျော်မလို့ စျေးအရမ်းသက်သာတယ်ပေါ့နော်။ ကိုယ်လို cleansing oil အသုံးကြမ်းတဲ့သူတောင် 2လလောက်ရှိပြီသုံးတာ 5ပုံတပုံပဲ လျော့သေးတယ်ဆိုတော့ တခါသုံးရင် 1pump လောက်သုံးတဲ့သူကတော့ တနှစ်လောက်အသုံးခံမှာ သေချာပါတယ်။

သုံးရတဲ့ experience ကိုပြောရင် ပွင့်ပွင့်လင်းလင်းဝန်ခံမယ်ဆို သူ့သုံးရတာ အရင်သုံးဖူးတဲ့ cleansing oil တွေလောက် အရသာမရှိတာတော့ အမှန်ပါပဲ။ Texture က အနည်းငယ်ပျစ်တဲ့ဘက်ကို ရောက်တယ်။ အားနည်းချက်အနေနဲ့ ပန်းနံ့ခပ်စူးစူးလေးပါတယ်။ Sunscreen, foundation တွေကိုတော့ သေချာလေးဖျက်ပေးနိုင်ပါတယ်။ ရေဆေးချလိုက်ရင်လဲ အလွယ်တကူ emulsify ဖြစ်ပြီး ပြောင်စင်သွားတယ်။ ချွဲကျန်တာမျိုး၊ cleanser ပြင်းပြင်းလိုက်မှအဆင်ပြေတာမျိုး မရှိပါဘူး။

စျေးချိုပေမဲ့လဲ packaging မှာ သုံးနေတဲ့တလျှောက်လုံး ယိုစိမ့်တဲ့ပြဿနာ မတွေ့ရဘူး။ Pump နဲ့လာပေမဲ့ ညှပ်တဲ့အကုတ်လေးပါတော့ အပြင်သွားတဲ့အခါလဲ ယူသွားလို့အဆင်ပြေပါတယ်။ Nyi ဆို ဆေးရုံမှာ night duty ဆင်းရတဲ့ရက်လဲ သူ့ယူသွားတာပဲ။ သူငယ်ချင်းတွေကိုပါ ပေးသုံးဖြစ်တယ်။ မတည့်တာမျိုး၊ သူ့သုံးလို့ အဖုထွက်တာ ယားတာမျိုးတွေ မကြုံရပါဘူး။ အနံ့လေးနဲနဲအောလို့ အဲ့တချက်တော့ သည်းခံပြီးသုံးဖို့ လိုပါလိမ့်မယ်နော်။

Overall ကြည့်မယ်ဆိုရင်တော့ အားနည်းချက်တခုတလေရှိတာကလွဲရင် ဒီကာလမှာ အရွေးသင့်ဆုံး အတန်ဆုံး budget save cleansing oil ပါ။ Nyi လိုမျိုး ကိုယ်က cleansing oil ကို အလုပ်ဖြစ်ပြီး အသုံးခံတာမျိုး ရွေးချင်တယ်၊ Brand အကောင်းကထုတ်ပြီး ရေရှည်မှာ အသားအရေအတွက် စိတ်ချရတာမျိုးလဲ ဖြစ်ရမယ်ဆိုရင် ဒီ HATOMUGI The Cleansing Oil လေး recommend ပေးပါတယ်နော်။ အရမ်း sensitive ဖြစ်တဲ့သူကလွဲရင် All skin types သုံးနိုင်ပါတယ်ခင်ဗျာ။

Disclaimer : ကိုယ်တိုင်ဝယ်သုံးထားပါတယ်ဗျ။

#budgetskincareseries
#reviewbynyi #nyipick #nyipickcleanser

image