2 w - Translate

မေဆန်မောင့်နှင့် ဟွိုက်လန်းတို့ အသင်းနှင့်အတူလေ့ကျင့်
---------------------------
အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ တိုက်စစ်မှူး ဟွိုက်လန်းနဲ့ ကွင်းလယ်လူ မေဆန်မောင့်တို့ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ပွဲတွေမှာ သုံး၊ မသုံးဆိုတာကို ဆုံးဖြတ်သွားမယ်လို့ မန်ယူနည်းပြ တန်ဟတ်က စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

တိုက်စစ်မှူး ဟွိုက်လန်းက ရာသီကြိုကာလမှာ ဒဏ်ရာ ရခဲ့ပြီးနောက် အခုရာသီမှာ မန်ယူအတွက် ကစားမပေးနိုင်ခဲ့သလို ကွင်းလယ်လူ မေဆန်မောင့်ကလည်း ကြွက်သားဒဏ်ရာကြောင့် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၂ ပွဲကို လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးစလုံးက ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီးနောက် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒဏ်ရာရ ကစားသမားအချို့ လေ့ကျင့်ခန်းပြန်လုပ်နိုင်တာက ဝမ်းသာရ မယ့်ကိစ္စဖြစ်ပြီး သူတို့အနေနဲ့ ကြံ့ခိုင်မှုပုံစံကောင်းသာ ပြသနိုင်မယ်ဆိုရင် ပွဲတွေမှာ အသုံးပြုဖို့ကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ တန်ဟတ်က ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ အခုတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဟွိုက်လန်းနဲ့ မေဆန်မောင့်တို့ ပဲလေ့စ်နဲ့ပွဲမှာ မပါဖြစ်ခဲ့ရင်တောင် လာမယ့်ကြားရက်မှာကစားမယ့် ယူရိုပါလိဂ်ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

image