2 w - Translate

သက်သတ်လွတ် ကုလားပဲနှပ်
====================
-ကုလားပဲခြမ်းကို သန့်စင်ပြီး ရေစင်စင်အထပ်ထပ်ဆေးပါ။
ပြီးရင် အိုးတစ်လုံးထဲထည့်ပြီး ဆားနည်းနည်းထည့်ပြုတ်ပါ။
ပြုတ်နေစဉ်အချိန်မှာ မမွှေပါနဲ့။
ကျေသွားရင် အစေ့ပျောက်ပြီး မလှတော့ပါဘူး။
ကုလားပဲနူးလို့ရေခမ်းစပြု ရင် ချပါ။
-အိုးတစ်လုံးထဲကို ဆီသင့်ရုံထည့်ပြီး
ဆီပူလာရင် နနွင်းမှုန့်နည်းနည်းထည့်ပါ။
ချင်း ၊ ကြက်သွန်ဖြူ + နီ၊ငရုတ်သီးထောင်းထားတာကိုဆီသတ်ပါ။
ငရုတ်သီးနဲ့အတူ ပျဉ်းတော်သိမ်ရွက်ကိုထည့်ဆီသတ်ပါ။
-ငရုတ်သီးကျွတ်လာရင်
ပြု တ်ထားတဲ့ပဲတွေ လောင်းထည့်ပါ။
ငရုတ်သီးနဲ့ပဲကို သမအောင်
အသာအယာမွှေပေးပါ။
-မဆလာအုပ်ပြီးချလို့ရပါပြီ။
မဆလာမကြို က်ရင်လည်း ဒီအတိုင်းချလို့ရပါတယ်။

image