2 w - Translate

ရေဘေးသင့်ပြည်သူတွေကို ထမင်းဘူးများ ဆက်လက်လှူဒါန်း
-------------------
နေပြည်တော်ကောင်စီနယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေကို မလာရောက်နိုင်တဲ့ ရေဘေးသင့်ပြည်သူတွေကို စက်တင်ဘာ ၂၀ ရက်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ထမင်းဘူးတွေ ဆက်လက်လှူဒါန်းခဲ့ပါတယ်။ ထမင်းဘူးလှူဒါန်းတာကို ရွှေသံလွင် Group SKYNET နဲ့ SHWE BANK မိသားစုတို့က လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ထမင်းလှူဒါန်းရာမှာ ထမင်းဖြူ၊ ငါးခြောက်ဆီပြန်နဲ့ ငရုတ်သီးကြော်ပါတဲ့ ထမင်းဘူး(၂၇၀၀)ကို မနက်ပိုင်းမှာ လှူဒါန်းခဲ့ပြီး ညနေပိုင်းမှာတော့ ထမင်းဘူး(၂၃၀၀) သွားရောက်ပေးလှူခဲ့တာပါ။ ရွှေသံလွင် Group SKY NET နဲ့ SHWE BANK မိသားစုအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို ပြီးခဲ့တဲ့ စက်တင် ဘာ(၁၅)ရက်ကစပြီး နေ့စဉ်လှူဒါန်းနေတာဖြစ်တယ်လို့ သိရပါတယ်။

image