2 w - Translate

တရုတ်ပြည်တွင် ကွာရှင်းပြတ်စဲမှု ပိုမိုများပြားလာနေ
---------------------
တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားကာ အိမ်ထောင်ပြုမှု လျော့ကျလာနေပြီး အိမ်ထောင်ရေး ကွာရှင်းပြတ်စဲ ကြတဲ့သူတွေလည်း ပိုများလာနေတယ်လို့ CNN သတင်းက ဖော်ပြပါတယ်။ တရုတ်အမျိုးသား စာရင်းအင်းဗျူရို က ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်တွေအရ ၂၀၁၃ ခုနှစ်မှာ အိမ်ထောင်ပြု ထိမ်းမြားလက်ထပ်မှုဟာ (၁၃)သန်းရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ (၇)သန်းအောက်အထိ ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ကွာရှင်းပြတ်စဲတဲ့ စုံတွဲအရေအတွက်ဟာ မြင့်တက်လာနေပြီး ၂၀၁၉ ခုနှစ်က (၄ ဒသမ ၇) သန်းနဲ့ အမြင့်ဆုံးစံချိန်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်က အရေ အတွက်ထက်လည်း (၄)ဆ ပိုများနေတယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ ဒီအတွက် အဲဒီ လူမှု ပြဿနာကို ဖြေရှင်းဖို့အတွက် တရုတ်အစိုးရက စုံတွဲတွေအနေနဲ့ မကွာရှင်းခင် တစ်လလောက် ခေါင်းအေးအေး ထား အချိန်ယူစဉ်းစားဖို့ ဥပဒေတစ်ရပ်ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ပေမဲ့လည်း ၂၀၂၃ ခုနှစ်မှာ ကွာရှင်းပြတ်စဲမှုဟာ (၂၅) ရာခိုင်နှုန်းလောက် ခုန်တက်သွားခဲ့တာပါ။

ဒါတွေဟာ အိမ်ထောင်ပြုမှုအပေါ် တရုတ်လူမှုအသိုင်းအဝန်းရဲ့ အမြင် တွေ ပြောင်းလဲလာတာကြောင့်လို့ မင်္ဂလာအခမ်းအနား ဓာတ်ပုံလုပ်ငန်း လုပ်ကိုင်သူတွေက ထင်မြင်ချက်ပေးကြ ပါတယ်။ မိသားစု စည်းလုံးမှုနဲ့ တည်ငြိမ်မှု အလေးပေးတဲ့ တရုတ်လူမှုအသိုင်းအဝန်းမှာ အိမ်ထောင်ရေး ကွာရှင်း ပြတ်စဲမှုဟာ လူမှုရေးအရ အရှက်ရစရာ ဖြစ်လေ့ရှိတတ်ပါတယ်။ အခုတော့ တရုတ်လူငယ်လူရွယ်တွေက လက်မထပ်ကြဖို့ဘဲ ရွေးချယ်ကြပြီး လက်ထပ်ဖြစ်ကြသူတွေကလည်း အဲဒီ လက်ထပ်ထိမ်းမြားမှုက အလုပ် မဖြစ်ရင် အဲဒီမဖြစ်မြောက်မှုကို ပိုမိုလက်သင့်ခံလာနိုင်ကြတယ်လို့ ဆိုပါတယ်။

image