2 w - Translate

ပြင်ဦးလွင်မြို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်
--------------------
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ စက်တင်ဘာလ(၁၉)ရက်က အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်တဲ့ စက်တင်ဘာလရဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ် အခြေအနေကို ထုတ်ပြန်ရာမှာ အခုလို ပါရှိတာပါ။

စက်တင်ဘာလ(၁၉)ရက်မှာ တင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ်ကတော့ ၃၂ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်ရှိပြီး အရင်စံချိန်ကျိုးခဲ့တဲ့ (၂၀၂၃)ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းက တော့ ၃၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၈)ရက်ကလည်း တမူးမြို့ မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။ အဲဒီစံချိန်သစ်ဟာ ၃၈ ဒသမ ၀ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့ပြီး စံချိန်အဟောင်းမှာတော့ ၃၇ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image