2 w - Translate

ယာမယ်နှင့် ဘယ်လင်ဂမ်တို့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နိုင်ဟု စီရော်နယ်ဒိုသုံးသပ်

စပိန်တောင်ပံကစားသမား လာမိန်းယာမယ်နဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်တို့ဟာ ကမ္ဘာ့ အကောင်းဆုံးကစားသမားတွေဖြစ်လာနိုင်တဲ့ အလားအလာရှိကြောင်း ရော်နယ်ဒိုက ပြောပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် Yutube Channel မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်တဲ့သူတွေ အကြောင်းပြောကြားရာမှာ ယာမယ်နဲ့ ဘယ်လင်ဂမ်တို့ကို ရော်နယ်ဒိုက ထည့်သွင်းချီးကျူးခဲ့ တာပါ။

ယာမယ်ဟာ ပင်ကိုယ်ပါရမီရှိပြီး ထူးချွန်သူဖြစ်တာကြောင့်အကောင်းဆုံးဆုရဖို့ အလာအလာရှိပေမဲ့ ကံတရားဖေးမှုအပါအဝင် ပြဿနာတစုံတရာရင်ဆိုင်ရတာမျိုး မရှိဖို့ လိုအပ်ကြောင်းလည်း ရော်နယ်ဒိုက ပြောပါတယ်။

ဘယ်လင်ဂမ်ဟာလည်း မက်ဒရစ်ဆီပြောင်းရွှေ့ခဲ့တာက ကစားသမား ဘဝနောက် တဆင့် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးကစားသမားဖြစ်လာဖို့ ကြီးမားတဲ့အလားအလာ ရှိကြောင်း ရော်နယ်ဒိုက ပြောပါတယ်။

အဆိုပါကစားသမားနှစ်ယောက်စလုံးကတော့ မျိုးဆက်သစ်ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတွေဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောသွားပါတယ်။
DVB

image