2 w - Translate

👉 ထိုင်းနိုင်ငံရောက် မြန်မာတွေအတွက် -
ထိုင်းနိုင်ငံမြောက်ပိုင်း က WS ထိုင်ထားတဲ့ UDONTHANI ရောက်ဘို့ မိုင် ၁၀၀ လောက်လိုသေးတယ်။ ည ၇ နာရီလောက်တော့ သူ့အောက်တည့်တည့်က ဖြတ်လောက်ပါမယ်။
စက်တင်ဘာ ၂၁ ရက် - မနက်ဖန် ညနေ ၃ နာရီလောက်မှ မြန်မာ-ထိုင်းနယ်စပ်ကိုရောက်မှာ။ ၂၁ ရက် ည ပိုင်းက စ ပြီး ၂၂ - ၂၃ - ၂၄ ရက်တွေတော့ မိုးရွာပါမယ်။ များတဲ့နေရာများ နည်းတဲ့နေရာနည်းဖြစ်မှာပါဘဲ။
👉 ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းသားတွေအတွက် -
ရန်ကုန်၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ ထန်းတပင် နေသူများနဲ့ ဧရာဝတီတိုင်းသားတွေအတွက်တော့ မမေ့သင့်တာတခု ပြန်နွှေးပေးပါဦးမယ် -
ပထမ တလုံး ယာဂိ လေပွေလှိုင်းအကြွင်းအကျန်တွေတုန်းက အဲ့ဒီမြို့နယ်တွေ ခရိုင်တွေရဲ့ အပေါ်ဘက် အတော်ဝေးဝေး အလယ်ပိုင်းကို ဖြတ်တာ၊ အားကောင်းတဲ့ လေပွေလှိုင်းပေမဲ့ ဝေးတော့ အောက်ဘက်မှာသက်သာသွားတယ်။
အခု လေပွေလှိုင်းက အားတော့မကောင်းဘူး၊ ဒါပေမဲ့ - အောက်ဘက်နဲ့ ပိုနီးတယ်။ အကြွင်းအကျန်ပါလာသမျှတိမ်တွေမှာပါလာတဲ့ ရေခိုးရေငွေ့တွေ မိုးတွေကတော့ နီးတဲ့နေရာ များများရွာတတ်တာပါဘဲ။
(စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီ)
U Win Naing

image