2 w - Translate

မဖြစ်မနေ ...
လမ်းခွဲမှ ဖြစ်မှာလား
သူ့ကို မေးခဲ့ဖူးတဲ့ မေးခွန်းလေးပေါ့
အဆင်ပြေအောင်
တခြားတစ်နည်းနည်းနဲ့
ကြိုးစားကြည့်လို့ရမလားဆိုပြီး
နည်းလမ်းတွေရှာခဲ့တာ
သူပျော်လာအောင်
ကိုယ့်မှာ
ဘာပဲဖြစ်ဖြစ် လုပ်ပေးဖို့
အသင့်ရှိနေခဲ့တာ
ဒါပေမယ့်...
နောက်ဆုံးကျတော့
မဖြစ်မနေ လမ်းခွဲမှပဲ
အဆင်ပြေမယ်ဆိုတဲ့
လမ်းကိုပဲ ရွေးသွားတယ် ။
အင်း... ဟုတ်တယ်
ခုကျတော့
၀ဋ်ကြွေးတွေက လွှတ်မြောက်လာပြီဆိုတဲ့
ခေါင်းစဥ်တပ်ပြီး
သူကတော့ ပျော်နေပါပြီ
ကိုယ်သာ
ဆက်လွမ်းရမယ့်
၀ဋ်တွေ ကျန်နေသေးတာ ။
#ကျေးကို

image