2 w - Translate

လွမ်းရတဲ့ရက်တွေ လွန်ရင်
နီးရမယ့်ရက်တွေ
ရောက်လာခဲ့မယ်ထင်ခဲ့တာ ။
တကယ်တမ်းကျတော့
အနေဝေးလွန်းတဲ့
လူနှစ်ယောက်ဟာ
နှစ်တွေကြာလာရုံဆိုတဲ့
ပြောစရာစကားတွေရဲ့နောက်မှာ
ဘယ်တော့မှ မဆုံနိုင်အောင်
ပို ဝေးသွားရတတ်တာပါပဲ ။
ဘယ်တော့မှ မဝေးဘူးဆိုတဲ့စကားဟာ
တကယ်တမ်းဝေးရတော့
ဟာသ တွေပဲ မဟုတ်လား
ဒါပေမယ့်
ရယ်တော့ မရယ်ရဘူးပေါ့ ။
လွမ်းရတဲ့ရက်တွေ လွန်ပြီးသွားရင်
နီးကြမယ့်ရက်တွေ လာခဲ့မယ်ထင်ခဲ့တာ
ဘယ်တော့မှ မဆုံနိုင်အောင်
တကယ်ပဲ ဝေးသွားကြရော ...

#ကျေးကို
crd

image