2 w - Translate

ဘွဲ့လွန်ဆေးပညာ အရည်အချင်းစစ်စာမေးပွဲ ရက်ပြောင်းလဲ
----------------------
၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းတွေရဲ့ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကျင်းပစစ်ဆေး မယ့်ရက်ကို ပြောင်းလဲကျင်းပသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းတွေ၊ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အင်အားဖြည့် ပါဝင်ဆောင်ရွက်နေရတာကြောင့် အခုလို ရက်ပြောင်းလဲ ကျင်းပစစ်ဆေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ပညာသင်နှစ်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေမှာ ဖွင့်လှစ်မယ့် ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင် တန်းတွေ၊ ဆေးပညာမဟာသိပ္ပံသင်တန်းတွေနဲ့ ပါရဂူဘွဲ့သင်တန်းတွေအတွက် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေ စာမေးပွဲတွေကို အရင်က အောက်တိုဘာ(၃)ရက်နဲ့ (၄)ရက်နေ့တွေမှာ ကျင်းပစစ်ဆေးဖို့ ကြေညာထားတာပါ။

အခုလက်ရှိမှာတော့ အဲဒီဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွေကို အောက်တိုဘာ(၂၂)ရက်နဲ့(၂၃)ရက် နေ့တွေမှာ ကျင်းပစစ်ဆေးဖို့ ပြောင်းလဲသတ်မှတ်ကြောင်း အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

image