2 w - Translate

ရေဘေးကြောင့် သေဆုံးသူ ၂၉၃ ဦး ရှိလာ
-----------------------
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၁၉ ရက် မနက် ၇ နာရီအထိ စာရင်းတွေ အရ ပြည်သူ ၂၉၃ ယောက် သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ယောက်ရှိတယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့တဲ့မြို့နယ် ၅၃ မြို့နယ်ရဲ့ရေဘေးသင့်အခြေအနေတွေကို ထုတ်ပြန်ရာမှာ အခုလို ပါရှိတာပါ။

အဲဒီရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ လူနေအိမ် ၄၄၇၁ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ၁၆၈၇၀၄ လုံး ရေဝင် နစ်မြုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ရေဘေးကြုံတွေ့ခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာတော့ ရေဘေးကယ်ဆယ်ရေးစခန်း ၄၂၅ ခု ဖွင့်လှစ်ပြီး လူဦးရေ တစ်သိန်းခွဲကျော်ကို ကူညီကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ထောက်ပံ့ကူညီမှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှု တွေကြောင့် စက်တင်ဘာ ၁၉ ရက် မနက် ၇ နာရီအထိ စာရင်းတွေအရ ရုံး/ဌာနအဆောက်အအုံ ၁၁၃ လုံး၊ စာသင်ကျောင်း ၉၁၉ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၃၃၁ လုံး၊ လမ်း/ တံတားအချို့၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ရေဝင် နစ်မြုပ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် တိရစ္ဆာန်အကောင်ရေ ၁၂၉၀၀၀ ကျော် သေဆုံးပြီး စပါးနဲ့ သီးနှံမျိုးစုံဧက ၇၆၆၀၀၀ ကျော် ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

image