2 w - Translate

ထွန်းထွန်းမင်း၏ ချန်ပီယံခါးပတ် ကျပ်သိန်း(၅၀၀)ဖြင့် လေလံအောင်
---------------------
ရေဘေးသင့်ပြည်သူတွေအတွက် ကူညီလှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းက မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်လေလံတင်ပွဲကို စက်တင်ဘာလ(၂၀)ရက်နေ့က သိမ်ဖြူလက်ဝှေ့ရုံမှာ ပြုလုပ်ရာ ကျပ်သိန်း(၅၀၀)နဲ့ လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။

လေလံအကြမ်းခင်းဈေးအနေနဲ့ ကျပ်သိန်း(၅၀၀)နဲ့ဖွင့်ထားတာဖြစ်ပြီး တစ်ပတ်အတွင်း သိန်း(၄၀၀)ပေးထား တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စက်တင်ဘာ(၂၀)ရက် မနက်မှာတော့ အမည်မဖော်လို့တဲ့ ရိုးရာ လက်ဝှေ့ဝါသနာရှင်တစ်ယောက်က ကျပ်သိန်း(၅၀၀)ပေးလာပြီး အဲဒီထက်ပိုပေးတဲ့သူ မရှိတာကြောင့် လေလံအောင်ခဲ့တာဖြစ်တယ်လို့ ကိုထွန်းထွန်းမင်းက ပြောပါတယ်။

လေလံတင်ရရှိခဲ့တဲ့ငွေကြေးအကုန်လုံးကို ရေဘေးသင့်မိဘပြည်သူတွေဆီကို မြန်မာ့ရိုးရာလက်ဝှေ့ပရဟိတအဖွဲ့နဲ့ အတူ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

image