2 w - Translate

ကိုယ့်အသားအရေကို ဂရုစိုက်ပါ သို့သော် အမာရွတ်တွေကို အပြစ်မမြင်ပါနဲ့နော်

🧏အမာရွတ်ကြောင့် စိတ်ညစ်နေရတယ်
🧏အမာရွတ်တွေကြောင့် အလှပျတ်နေတယ်
🧏အမာရွတ်တွေကြောင့် ရုပ်ဆိုးတယ်
🧏အမာရွတ်တွေကြောင့် Confident မရှိဖြစ်ပြီး စိတ်ညစ်နေရလား?

လုံးဝမပျောက်နိုင်တဲ့ အမာရွတ်ဆိုတာ မရှိတာမို့ လုံးဝစိတ်ဓာတ်မကျရဘူးနော်

ဒါကြောင့်မင်မင်ရဲ့ အသဲလေးတွေအတွက်
အရင်ဆုံး မျက်နှာ‌ေပါ်က အမာရွတ်အမျိုးအစားလေးတွေ ခွဲပေးမယ်နော်

🍀Keloid Scar (ဖောင်းကြွအမာရွတ်)
အရေပြားကနေမှ ဖောင်းဖောင်းလေးကြွတက်နေတဲ့အမာရွတ်မျိုးပါ။ တစ်ခါတလေ နီတာရဲပုံစံမျိုးနဲ့ ထိလိုက်ရင်တော့ ထုံထုံနာနာလေးဖြစ်နေတတ်ပါတယ်။

🍀Atrophic Scar (အမာရွတ်ချိုင့်ဝှမ်း)
အသားအရေကနေမှ ခွက်ဝင်သွားတဲ့ အမာရွတ်မျိုးပါ... ငယ်တုန်းကဝက်သက်ပေါက်ပြီးကျန်ခဲ့တာတို့၊ အတွင်းဖက်ကိုထိုးဝင်သွားတဲ့ ဒဏ်ရာမျိုးတွေမှာ ဖြစ်လေ့ရှိပါတယ်။

🍀Acne Scar (ဝက်ခြံအမာရွတ်)
ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတစ်ပုံကြီးထွက်လာတာတို့၊ Skincare မတည့်တာတွေကြောင့် ဝက်ခြံထွက်လာတာမျိုး၊ Skin Breakoutဖြစ်ပြီး ထိန်းမရဝက်ခြံပရပွဖြစ်ပြီးသွားတဲ့အခါမှာ ကျန်ခဲ့တဲ့အမာရွတ်မျိုးဖြစ်ပါတယ်။

🍀Abrasion Scar (ပွန်းပဲ့ဒဏ်ရာ အမာရွတ်)
အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မိရာကနေ ပွန်းပဲ့ ဒဏ်ရာ အနာ ကနေ အမာရွတ် ကျန်ခဲ့တာမျိုး။

🍀Burns Scar (မီးလောင်အမာရွတ်)
မီးလောင် / အပူလောင် ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်မျိုးဖြစ်ပါတယ်။

🍀Insect bite Scar (ပိုးမွှားကိုက်ပြီးအမာရွတ်)
တစ်ချို့သူတွေဆို ခြင်ကိုက်ခံရတာ ၊မွှားကိုက်ခံရတာကနေစလို့ Insect ကိုက်တာခံရပြီးအမာရွတ်တွေအများကြီး ကျန်ခဲ့ကြတာမျိုးဖြစ်ပါတယ်။


အမာရွတ်ပျောက်ကင်းနိုင်မယ့် သဘာဝ နည်းလမ်းတွေနဲ့ feedback‌ေကာင်းတဲ့ဆေးလေးတွေကို နောက်နေ့မှာမျှဝေပေးမှာမို့ ကိုယ်ကြုံတွေနေရတဲ့ အမာရွတ် အမျိုးအစားလေးတွေကို ment ခဲ့ပေးပါနော် 😍

#မင်မင့်အသဲလေးတွေအကုန်လုံးအမာရွတ်ကင်းတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ
#ချစ်တဲ့မင်မင်
#အလှအပရေးရာအဖြာဖြာ

image