2 w - Translate

ထုတ်လုပ်ရေးကုမ္ပဏီ မက်ဆီ တည်ထောင်
--------------------
အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ “525 Rosario” လို့ နာမည်ပေးထားတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပြီလို့ စက်တင်ဘာလ(၁၉)ရက်နေ့က တရားဝင်ကြေညာ သွားခဲ့ပါတယ်။

ဒီထုတ်လုပ်ရေးကုမ္ပဏီကနေ မက်ဆီရဲ့မိသားစုပရိုဂရမ်တွေနဲ့ တခြား အခပေးရုပ်သံအစီအစဉ် တွေကို တင်ဆက်ပေးဖို့ ရည်ရွယ်ထားတာပါ။ ဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့အတွက် မက်ဆီဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် တွေကို ရိုက်ကူးခဲ့ဖူးတဲ့ Smuggler Entertainment နဲ့အတူ တွဲဖက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

ပရိသတ် တွေကို ဖျော်ဖြေမှုရသပေးဖို့ဆိုတာက ကွင်းတွင်းရော၊ ကွင်းပြင်မှာပါ လုပ်ဆောင်ချင်တဲ့အရာဖြစ်လို့ အခုလိုမျိုး ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တာလို့ မက်ဆီက ပြောပါတယ်။ Smuggler Entertainment နဲ့အတူ ပရိုဂရမ်တွေကို တွဲဖက်ဖန်တီးလုပ်ဆောင်ရမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့လည်း မက်ဆီက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ မက်ဆီဟာ သူ့ရဲ့”525 Rosario” တရားဝင်ယူကျုချန်နယ်မှာ ဗီဒီယိုနှစ်ပုဒ်ကို အရင်ဆုံးတင်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

image