2 w - Translate

အီကွေဒေါတွင် မိုးခေါင်မှုကြောင့် ရေအားလျှပ်စစ်ထိခိုက်ပြီး မီးပျက်နေ
------------------------
ရေမျက်နှာပြင်တွေ နိမ့်ကျပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ထိခိုက်စေတဲ့ ပြင်းထန်တဲ့မိုးခေါင်မှုကြောင့် အီကွေဒေါနိုင်ငံတစ်ဝန်းမှာ ညစဉ် လျှပ်စစ်မီး ပြတ်တောက်နေတဲ့အတွက် ကွီတိုမြို့လမ်းမတွေမှာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ ကင်းလှည့်နေကြပါတယ်။ မီးပျက်တာကို ဒေသခံတချို့က စိုးရိမ်နေကြပြီး ရာဇဝတ်မှုတွေကြောက်လို့ အလုပ်ကနေ အိမ်ကိုအမြန်ပြန်ကာ ညလုံးပေါက် သော့ခတ်ထားရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

တခြားဒေသခံ အမျိုးသမီးတစ်ယောက်ကလည်း ညဘက်မီးပျက်နေတဲ့အတွက် အလွန်ကြောက်တယ်လို့ ပြောပါ တယ်။ အီကွေဒေါအစိုးရက လက်ရှိရေကာတာတွေကို ပြုပြင်ထိန်းသိမ်းမှု မရှိတာနဲ့ ဓာတ်အားအသစ်တွေ ရရှိဖို့ စာချုပ်တွေ မလုံလောက်တဲ့အတွက် ဓာတ်အားအကျပ်အတည်းဆိုက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၆၁ နှစ် အတွင်း နိုင်ငံမှာ အပြင်းထန်ဆုံး မိုးခေါင်မှုလည်း ဖြစ်ပေါ်နေလို့ အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ ဒေသစံတော်ချိန် ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ကနေ ၂၆ ရက်အတွင်းမှာလည်း အဲဒီအချိန်အတိုင်းအတာမှာ ထပ်မံ ဓာတ်အားပြတ်တောက်မှာ ဖြစ်ပါတယ်။ ရက်သတ္တပတ် ဘယ်လောက်ကြာ အောင် ဓာတ်အားပြတ်တောက်မလဲ ဆိုတာ မသိရသေးပါဘူး။ နိုင်ငံရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လျှပ်စစ် ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ် ထပ်မံ လိုအပ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

image