2 w - Translate

နည်းပြ ကက်စ်ထရိုကို အယ်နာဆာအသင်း ထုတ်ပယ်
--------------------------
ဆော်ဒီကလပ် အယ်နာဆာအသင်းဟာ အခုနှစ်ရာသီအစပိုင်းမှာ ရလဒ်ဆိုးရွားမှုတွေကြောင့် နည်းပြ ကက်စ်ထရို ကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပယ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုပါဝင်နေတဲ့ အယ်နာဆာအသင်းဟာ အခုရာသီ ဆော်ဒီပရိုလိဂ် ရာသီအစ ၃ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၇ နေရာကို ရောက်နေသလို အာရှချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာလည်း အယ်ရှော်တာအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ ပြီးနောက် နည်းပြ ကက်စ်ထရိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အယ်နာဆာအသင်းဟာ လာမယ့် သောကြာညမှာ ကစားရမယ့် အယ်အီတီဖတ်အသင်းနဲ့ ပွဲမတိုင်ခင်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ကို ကြိုးစားသွား ရမှာ ဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေအရတော့ အယ်နာဆာအသင်းဟာ အေစီမီလန်နည်းပြဟောင်း ပီအိုလီ ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး အခုနောက်ဆုံး ကြားသိ ရတဲ့ သတင်းတွေအရလည်း ပီအိုလီနဲ့ အပြီးသတ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ နည်းပြ ပီအိုလီဟာ အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ၂၀၂၃-၂၄ ဘောလုံးရာသီအကုန်မှာ အီတလီကလပ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။

image