2 w - Translate

တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာ
--------------------

❣️အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်

❣️သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်

❣️အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့ အသုံးချတတ်ပါတယ်

❣️သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်
လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူး

❣️ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်
တချို့ကိစ္စတွေအတွက် အကြံဥာဏ်တောင်းတတ်တယ်

❣️သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာပေးတတ်တယ်

❣️သင် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ကောင်းနေပါလိမ့်မယ်

❣️စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင်ပြောပြတတ်တယ် ။ သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထားတတ်ပါတယ်

❣️သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။ တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ ရှိနေတတ်တယ်

❣️အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတတ်တယ် ။

❣️သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်

❣️အတိတ်က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ

❣️အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကိုဘယ်လောက်ချစ်တဲ့အကြောင်းကို ကြွားစရာတခုလိုပြောပြနေတတ်တယ်

❣️သူ့ ဖုန်း Wallpaper မှာ သင့်Photo လေးထည့်ထားတတ်တယ်

❣️သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး သင့်ကို ခဏခဏခေါ်နေတတ်တယ်

❣️ကြိုက်သလောက်စားပါ ။ တက်လာတဲ့ ကိုယ်အလေးချိန်က်ု သူအပြစ်မရှာတတ်ပါ

❣️ဒေါသထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိဘူး

❣️သူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း သင့်ကို ပြောပြထားတတ်ပါတယ်

❣️သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။ တည်အောင်လည်း လိုက်နာတယ်

❣️သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်

❣️သင်က သဝန်တိုတဲ့အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။

❣️သင့်မွေးနေ့ကို သူမမေ့ဘူး ။ အမှတ်တရနေ့တွေကို သူမမေ့ဘူး

❣️သင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်

❣️Facebook မှာ သူတင်သမျှ ဟာ သင့်ကိုဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်း

❣️အတူစကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပစ်တတ်ပါတယ်

❣️မေးစရာမလိုပါဘူး ။ ဒီနေ့ဘယ်သွားမယ် … ဘယ်မှာ ရှိမယ် … ဘာတွေ လုပ်မယ်ဆိုတာ သင့်ကိုအမြဲ အစီရင်ခံနေမှာပါ

❣️သင့်ကို သူ့ကြောင့် မျက်ရည်မကျစေပါဘူး ။

❣️အခမ်းနားဆုံးမဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီးပေးနေပါလိမ့်မယ်

❣️သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် ဦးဆုံးသတိရမိသူဟာ သင်ပါပဲ

❣️ယုံကြည်ချက် … နားလည်မှု …သစ္စာ တရား ဒါတွေဟာ သင့်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တခုပါ…

❣️ဒီလို အချက်တော်တော်များများနဲ့ကိုယ်ညီတဲ့
ချစ်သူယောကျာ်းလေးမျိုးပိုင်ဆိုင်ထားချင်တယ် မဟုတ်လား
သင်ကံကောင်းပါစေ
Credit

image