2 w - Translate

ကျပ် ၁ ဘီလီယံခွဲခန့်ရှိ မူးယစ်ဆေးဝါးများဖမ်းမိ
--------------------------
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက ငွေကျပ် ၁ ဘီလီယံခွဲနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာလ ၁၆ ရက် မနက် ၇ နာရီခွဲအချိန်လောက်က မိုင်းပျဉ်းမြို့နယ်၊ နားခေါကျေးရွာအနီးမှာ မိုင်းပျဉ်းကနေ မိုင်းပုအွန်ဘက်ကို အမျိုးသားတစ်ယောက် မောင်းနှင် လာတဲ့ မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှာ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀၀ ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်၊၊

စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၆ ရက် မနက် ၈ နာရီအချိန်လောက်က မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင် ကျေးရွာရှိ အမျိုးသားတစ်ယောက်ရဲ့နေအိမ်မှာ အိုက်စ် ၅၀ ကီလိုနဲ့ ကက်တမင်း ၃၀ ကီလိုကို ထပ်မံသိမ်းဆည်းရ မိခဲ့ပါတယ်၊၊ သူတို့နှစ်ယောက်ဆီက ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၁၅၀ ကီလိုနဲ့ ကက်တမင်း ၃၀ ကီလိုကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊

image