2 w - Translate

WHOမှလှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လှူဒါန်းတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ၂ဒသမ၄၅သန်း dosesဟာ စက်တင်ဘာ၁၇ရက်နဲ့ ၁၉ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရဝန်ကြီးဌာနကနေ သိရပါတယ်။

အခုရောက်ရှိလာတဲ့ကာကွယ်ဆေးတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ဒသမ၀၅သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီဆေးတွေကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနဲ့တာဝန်ရှိသူတွေက လက်ခံရယူပြီး ဗဟိုကာကွယ်ဆေးအအေးခန်း(ရန်ကုန်)ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကာကွယ်ဆေးတွေကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားခဲ့တဲ့မြို့နယ်တွေက စာသ်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ပရဟိတဂေဟာကျောင်းတွေ၊ ဘာသာရေးကျောင်းတွေ၊ မိဘမဲ့ကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ၊ ကယ်ဆယ်ရေးစခန်းတွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ အကျဉ်းထောင်တွေ၊ လူနေထူထပ်ပြီးပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းတဲ့နေရာတွေမှာ ဦးတည်အုပ်စုအလိုက် တိုက်ကျွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒေါပုံမြို့နယ်အပါအဝင် မြို့နယ်တချို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။

image