2 w - Translate

ဂျပန်ရေပြင်နှင့် ထိစပ်ဧရိယာထဲကို တရုတ်လေယာဉ်တင်သင်္ဘောဝင်ရောက်
-------------------------
ဂျပန်ရေပြင်နဲ့ ထိစပ်နေတဲ့ ရေပြင် ဧရိယာတစ်ခုထဲကို တရုတ်လေယာဉ်တင် သင်္ဘောတစ်စင်း ပထမဆုံးအဖြစ် ဗုဒ္ဓဟူးနေ့က ဝင်ရောက်လာခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်စေတဲ့ လတ်တလော ရေကြောင်းသွားလာမှုတစ်ခု ဖြစ်ပါတယ်။

အဲဒီ တရုတ်လေယာဉ်တင် သင်္ဘောဟာ ဖျက်သင်္ဘောနှစ်စင်း ခြံရံပြီး ဂျပန်နိုင်ငံတောင်ပိုင်း ယိုနာဂူနီနဲ့ အိုင်ရီ ယိုမိုတဲ ကျွန်းတွေကြားကနေ ဖြတ်သန်းခုတ်မောင်းသွားခဲ့တာပါ။ နိုင်ငံ့ ကမ်းရိုးတန်းကနေ ရေမိုင် (၂၄)အကွာမှာ ရှိပြီး ကုလရဲ့ သတ်မှတ်ချက်အရ ဂျပန်နိုင်ငံက ထိန်းချုပ်မှု တစ်စုံတစ်ရာ ချမှတ်ကျင့်သုံးနိုင်ခွင့်ရှိတဲ့ ရေနယ်နိမိတ် တစ်ခုကို ဝင်ရောက်ခဲ့တယ်လို့လည်း ဂျပန်နိုင်ငံဘက်က ပြောပါတယ်။

အဲဒီဖြစ်စဉ်အပေါ် တိုကျိုက လေးနက်တဲ့ စိုးရိမ်ပူပန်မှုဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံနဲ့ ဒေသတွင်း လုံခြုံရေးရှုထောင့် ကနေ ကြည့်ရင် လုံး၀ လက်သင့်ခံနိုင်စရာ မရှိတဲ့ ဖြစ်စဉ်ဖြစ်အကြောင်း ပေကျင်းကို အသိပေးထားတယ်လို့ ဂျပန်အစိုးရအဖွဲ့ ဒုတိယအတွင်းဝန် ဟီရိုရှီ မိုရီယာက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံ့ရေပြင်ပိုင်နက် အနီးတစ်ဝိုက် တရုတ် ရေတပ်သင်္ဘောတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်မှာဖြစ်ပြီး သတင်းအချက်အလက် စုဆောင်းရေး၊ စောင့်ကြည့် ထောက် လှမ်းမှုတွေ လုပ်ဆောင်ရေးအတွက် ဖြစ်နိုင်သမျှ လုပ်ထုံးလုပ်နည်းတွေကို ကိုင်စွဲကျင့်သုံးသွားမှာ ဖြစ်တယ် လို့လည်း ဟီရိုရှီ မိုရီယာက ပြောဆိုသွားခဲ့ပါတယ်။

image