2 w - Translate

အမေရိကန်တွင် ကင်ဆာဖြင့် လူသေဆုံးနှုန်း (၃၃)ရာခိုင်နှုန်း ကျဆင်း
------------------------
အမေရိကန်နိုင်ငံမှာ ကင်ဆာရောဂါကြောင့် သေဆုံးမှုဟာ (၁၉၉၁)ခုနှစ်ကနေ (၂၀၂၁)ခုနှစ်အထိ ကာလအတွင်း (၃၃)ရာခိုင်နှုန်းကျဆင်သွားခဲ့တယ်လို့ ကင်ဆာရောဂါဆိုင်ရာ အစီရင်ခံစာတစ်ခုကို ကိုးကားပြီး CBS သတင်းက ဖော်ပြပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အမရိကန် ကင်ဆာသုတေသနအသင်းရဲ့ အစီရင်ခံစာမှာ အဲဒီ ရာခိုင် နှုန်းဟာ အရေအတွက်အားဖြင့်ဆိုရင် လူ့အသက် (၄)သန်းကျော်ကို ကယ်တင်နိုင်ခဲ့တာနဲ့ ညီမျှတယ်လို့ ပြောပါ တယ်။

ကင်ဆာရောဂါနဲ့ သေတဲ့ ကလေးငယ်နဲ့ ဆယ်ကျော်သက်အရွယ် အရေအတွက်ဟာလည်း ပြီးခဲ့တဲ့ ဆယ် စုနှစ် နှစ်စုအတွင်း (၂၄)ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ဆက်ပြီး ဖော်ပြထားပါတယ်။ အဲဒီလို သေဆုံးနှုန်း ကျဆင်း လာတာဟာ ဆေးလိပ်သောက်နှုန်း လျော့နည်းလာတာ၊ ရောဂါကုသမှုနည်းနာတွေ တိုးတက်ကောင်း မွန်လာ တာနဲ့ ရောဂါကို ကြိုတင်စစ်ဆေးသိရှိတာတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ အရာထဲမှာ လူသိပ်မသိတဲ့ အချက်က အရက်သောက်သုံးခြင်းဖြစ်တယ်လို့ အဲဒီအစီရင်ခံစာက ပြောပါတယ်။

အရက်ပမာဏ အများအပြား သောက်သုံးခြင်းဟာ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ ရင်သား ကင်ဆာ အပါအဝင် ကင်ဆာရောဂါ အမျိုးအစား (၆)မျိုးကို ဖြစ်စေဖို့ အလားအလာ အလွန်များစေနိုင်တဲ့အတွက် အရက်သောက်သုံးမှုအပေါ် သတိပေးထားပါတယ်။ ကင်ဆာကို ဖြစ်စေတဲ့အထဲမှာ အရက်သောက်တာ အပြင် ဆေးလိပ်သောက်တာ၊ ကိုယ်အလေးချိန် များတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာနဲ့ စားသောက်မှုပုံစံတွေကြောင့် လည်း ဖြစ်တယ်လို့ အမေရိကန် ကင်ဆာသုတေသနအသင်းရဲ့ အစီရင်ခံက ဖော်ပြထားပါတယ်။

image