2 w - Translate

ဒီရော့စီကို နည်းပြအဖြစ်မှ ရိုးမား ထုတ်ပယ်
-----------------
စီးရီးအေကလပ် ရိုးမားအသင်းဟာ အသင်းရဲ့ဂန္ထဝင်ကစားသမားဖြစ်သလို လက်ရှိနည်းပြလည်းဖြစ်တဲ့ ဒီရော့စီကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ စက်တင်ဘာလ(၁၈)ရက်နေ့မှာ တရားဝင် ကြေညာသွားခဲ့ပါတယ်။ ရိုးမားအသင်းဟာ အခုဘောလုံးရာသီ စီးရီးအေ(၄)ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲမရသေးတာကြောင့် ဒီရော့စီကို နည်းပြ အဖြစ်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုအချိန်မှာ ဒီရော့စီနဲ့လမ်းခွဲလိုက်ပြီဖြစ်ပြီး ဒါကအသင်းရဲ့ရလဒ်တွေ ကောင်းမွန်လာဖို့အတွက် ရည်ရွယ်တယ် လို့ ရိုးမားအသင်းက ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။ တာဝန်ရှိသူ တွေအနေနဲ့ အသင်းရဲ့ရလဒ်တွေအပေါ် စိတ်ဝင်တစားလုပ်ဆောင်နေကြတာကြောင့် အသင်းကို လမ်းကြောင်းမှန် ပေါ် ပြန်လည်ရောက်ရှိလာအောင် လုပ်ဆောင်သွားမယ်လို့လည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။

ဒီရော့စီဟာ ရိုးမားအသင်းမှာ ဆယ်စုနှစ်(၂)ခုနီးပါး ကစားသမားအဖြစ် ကစားခဲ့သူဖြစ်ပြီး ရိုးမားအသင်းကို နည်းပြအဖြစ် (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလမှာ တာဝန်ယူကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

image