2 w - Translate

အိုဒီဂတ်၏ဒဏ်ရာ ထင်ထားသည်ထက် ပိုမိုပြင်းထန်
---------------------------
ဩစတြီးယားအသင်းနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာရခဲ့တဲ့ နော်ဝေကွင်းလယ်လူ အိုဒီဂတ်ရဲ့ဒဏ်ရာက မူလက ထင်ထားတာထက် ပိုမိုပြင်းထန်တယ်လို့ အာဆင်နည်းပြအာတီတာက စက်တင်ဘာလ(၁၈)ရက်နေ့မှာ ပြောကြား ခဲ့ပါတယ်။ အိုဒီဂတ်ဟာ ဩစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ဆက်မကစားနိုင် တော့တာကြောင့် ပွဲချိန်(၆၇)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။

အစောပိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ အိုဒီဂတ်ဟာ ဒဏ်ရာကြောင့် (၃)ပတ်ခန့် အနားယူရတော့မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် နည်းပြအာတီတာကတော့ အိုဒီဂတ်ရဲ့ ဒဏ်ရာက ထင်ထားတာထက် ပိုမိုပြင်းထန်နေတယ် လို့ ပြောကြားခဲ့ပါတယ်။ ဆေးစစ်ချက်တွေရဲ့အဖြေအရ အိုဒီဂတ်ရဲ့ဒဏ်ရာက ပြင်းထန်ခဲ့ပေမဲ့ အချိန်အတော်ကြာ အနားမယူရဖို့အတွက် မျှော်လင့်မိတယ်လို့ နည်းပြ အာတီတာက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်စက်တင်ဘာလ (၂၂)ရက် နေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရဖို့ရှိတာကြောင့် အိုဒီဂတ် ဒဏ်ရာရရှိခဲ့တာက အသင်း အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

image