2 w - Translate

အောက်တိုဘာ(၁၀)ရက်မတိုင်မီ မုတ်သုံဆုတ်ခွာနိုင်
-----------------------
အနောက်တောင်မုတ်သုံလေဟာ လာမယ့်အောက်တိုဘာလ(၁၀)ရက် မတိုင်ခင်လောက်မှာ မြန်မာတစ်နိုင်ငံ လုံးကနေ ဆုတ်ခွာသွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားတဲ့နေရာမှာ မုတ်သုံလေ မဟုတ်ပေမယ့်လည်း တခြား မိုးလေဝသ ဖြစ်စဉ်တွေကြောင့် မိုးရွာသွန်းတာတွေဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ လာမယ့်နောက်(၂)ရက်အတွင်းမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကနေ ဆုတ်ခွာနိုင်သွားနိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ(၁၉)ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

image