2 w - Translate

မန်ယူမှ ထွက်ခွာရန် မစဉ်းစားဟု အဲရစ်ဆင် ပြော

မန်ယူအသင်းကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြောင်း ကွင်းလယ်ကစားသမား အဲရစ် ဆင်က ပြောသွားပါတယ်။

ဒိန်းမတ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ရီးရဲလ် ဘက်တစ်အသင်းဆီ အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာပါ။

မန်ယူအသင်းမှာ အရာအားလုံး အဆင်ပြေနေပြီး အသင်းဘက်က ထွက်ခွာဖို့ ဆန္ဒရှိမယ်ဆိုရင် ထွက်ခွာဖို့ရှိပေမဲ့ အဲဒီလိုပြောဆိုတာမျိုးလည်း မရှိသလို အသင်းကနေ ထွက်ခွာဖို့လည်း တခါမှ မစဉ်းစားခဲ့ကြောင်း အဲရစ်ဆင်ကပြောပါတယ်။

အသက် ၃၂ နှစ်ရှိ စပါးကစားသမားဟောင်းဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့ပြီး မန်ယူအသင်းနဲ့ နောက်ဆုံးဘောလုံးရာသီတခုအပေါ် အပြည့်အဝ အာရုံစိုက် သွားမယ်လို့ ပြောပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ကာရာဘောင် လိဂ်ဖလားပြိုင်ပွဲ၊ မန်ယူနိုက်တက်က ဘန်စလေအသင်းကို (၇-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်း ယူပေးခဲ့ပါတယ်။

image