2 w - Translate

ဒဏ်ရာကြောင့် ဖာမင်လိုပက်ဇ် (၃)ပတ်ခန့် နားရမည်
-----------------------
ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ်ကစားသမား ဖာမင်လိုပက်ဇ်ဟာ ဒဏ်ရာပြဿနာကြောင့် (၃)ပတ်ခန့် အနားယူ ရတော့မှာဖြစ်တယ်လို့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က စက်တင်ဘာလ(၁၈)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လိုပက်ဇ်ဟာ စက်တင်ဘာလ(၁၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တာ ပါ။ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က လိုပက်ဇ်ရဲ့ ဒဏ်ရာက ပေါင်ကြွက်သားနာကျင် ဒဏ်ရာဖြစ်ပြီး (၃)ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

နွေရာသီမှာ ကျင်းပခဲ့တဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲနဲ့ (၂၀၂၄)အိုလံပစ်ပြိုင်ပွဲ နှစ်ခုလုံးမှာ စပိန်အသင်းအတွက် ပါဝင်ကစား ပေးခဲ့တဲ့ လိုပက်ဇ်ဟာ စက်တင်ဘာလ အစောပိုင်းကလည်း တံကောက်ကြောဒဏ်ရာကို ရရှိခဲ့ပါသေးတယ်။ အသက်(၂၁) နှစ်အရွယ်သာရှိသေးတဲ့ လိုပက်ဇ်ဟာ ဘာစီလိုနာအသင်းကြီးအတွက် ပြိုင်ပွဲစုံ(၄၅)ပွဲ ကစားပေးခဲ့ပြီး (၁၁)ဂိုးသွင်း ယူကာ (၁)ဂိုး ဖန်တီးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

image