2 w - Translate

စိတ်ဖိစီးမှုကြောင့် မိန်းကလေးတွေမှာပဲ
ဖြစ်တတ်တာလေးတွေပါ 💔

မင်မင်ကိုယ်တိုင် နှစ်နဲ့ချီဖြစ်ခဲ့ဖူးတာတွေမို့ အသုံးဝင်မယ့်တချို့အချက်တွေမျှဝေပေးချင်ပါတယ်

1. ရေများများသောက်ပါ
2. ညစောစောအိပ် အိပ်ရေးဝအောင်အိပ်ပါ
3. အဟာရသင့်တင့်မျှတအောင်စားပါ
4. လေ့ကျင့်ခန်းလုပ်ပါ
(stressဟော်မုန်းလျော့စေပါတယ်/အသားရည်
ကြည်လင်မှု/ခန္ဓာကိုယ်ကျန်းမာရေး/စိတ်ကျန်းမာ
ရေး/ရောဂါပိုး ခုခံ တိုက်ထုတ်ဖို့ ကိုယ်ခံအားစနစ်
ကောင်းမွန်စေပါတယ် )
5. Stress ဖြစ်စေတဲ့အရာ/ ပြဿနာကို ထိုင်စဉ်းစား
နေမယ့်အစား ဖြေရှင်းဖို့နည်းလမ်းကိုသာစဉ်းစားပါ
ပြဿနာကိုစဉ်းစားရင် ပြဿနာပဲထွက်လာမှာပါ
စိတ်ညစ်စရာတွေစဉ်းစားနေရင် စိတ်ဓါတ်ပဲကျ
လာမှာပါ
6. တရက်ကို၁၀မိနစ် ၁၅မိနစ်လောက်အရာအားလုံး
ကို ခဏမေ့ထားပြီး အသက်ရှူ လေ့ကျင့်ခန်း
(တရားထိုင်)လုပ်ပါ စာဖတ်ပါ Stressဟော်မုန်း
လျော့ကျစေပြီးအာရုံစူးစိုက်မှုကောင်းစေပါတယ်
ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့
အထောက်ကူပြုပါတယ်

စိတ်ထောင်းလို့ကိုယ်ကြေ စိတ်ရှင်းရင် ရုပ်ရှင်းတယ်တဲ့ ဘယ်လိုအခြေနေ ဖြစ်ဖြစ် စိတ်ကိုထားတတ်အောင်နေပါ ပျော်အောင်နေကြပါနော်

ကိုယ့်အသိအန်တီတယောက်ဆိုအိမ်ထောင်ရေးပြသနာ ငွေကြေးပြသနာတွေနဲ့ သူ့ကြည့်လိုက်ရင် ပြုံးလို့ ပြောလိုက်ရင်လည်း မေတ္တာစကားတွေ...ခွန်အားဖြစ်စေတဲ့စကားတွေ.. သိပ်အေးချမ်းတာပဲ မနေနိုင်လို့ စပ်စုကြည့်တာ စိတ်မညစ်ဘူးလားလို့.. ညစ်တာပေါ့ သိပ်ညစ်တာပေါ့တဲ့ ညစ်နေလို့ရော ပြဿနာတွေပြီးသွားလား?ငွေတွေအထုပ်လိုက်ကိုယ့်ဆီရောက်လာလားတဲ့?? အလကားနေရင်း ကိုယ့်ကျန်းမာရေးထိခိုက်တယ် အလှပျက်တယ် တန်လားတဲ့ လုပ်စရာရှိတာလုပ်ရမှာပဲ စိတ်ညစ်လို့ ဘာကောင်းကျိုးရှိတုန်း ??ကောင်းကျိုးလေး တခုပဲရှာပြပါတဲ့...သိပ်မှန်တာပဲ
အဲ့အန်တီဆိုမချောမလှပါဘူး စိတ်ရှင်းတော့ မျက်နှာကကြည်ရှင်းပြီး ကျက်သရေရှိလှပါတယ်
တချို့ကျတော့လည်း စိတ်မထားတတ်တော့ အပူသည်ရုပ်ပဲပြောရမလား မှုံကုတ် ပြီး ပြောလိုက် ရင်လည်း Negative တွေနဲ့ ဘေးကလူပါ အကြည် ဓါတ်ပျောက် အပူတွေကူးပါတယ်
မင်မင်လည်း စိတ်ကုစားနေချိန်မို့ Negative သမားတွေဆို ဝေးဝေးရှောင်ပြီး ကိုယ်တိုယ်လည်း အပူသည်/အဆိုးမြင်သမား မဖြစ်အောင် စိတ်ကိုထားတတ်အောင် လေ့ကျင့်နေပါတယ် 🙏🏼 ပြီးခဲ့တဲ့နှစ်တွေကဆို စိတ်ထောင်းလို့ကိုယ်ကြေ ၁၂ ရာသီ နုတ်ခမ်းကကွဲ ဝက်ခြံပလပွနဲ့ ကျန်းမာရေးပါထိခိုက်ုပီး စုတ်ပြတ်အိုစာနေခဲ့တာပါ အသိဝင်ပြီး ဖြေးဖြေးချင်းဂရုတစိုက်ပြန်ပြုပြင်ခဲ့ရတာမို့ အားလုံးကိုလည်း ကြိုးစားကြည့်စေချင်ပါတယ်

အသက်ဆက်ရှင်ဖို့လမ်းတွေပျောက်နေသူအတွက်တော့ ဒီအချက်တွေက တကယ်ကို ခက်တာပါ နှစ်ချီညအိပ်မရမိုးလင်းပေါက်နေတဲ့မင်မင့်အတွက် ညစောအိပ်ဖို့အိပ်ပျော်ဖို့က အခက်ဆုံးပါပဲ တော်တော်ကြီး ကြိုးစားထားရတာပါ ခက်လို့ဆိုပြီး မလုပ်ရင် ဘယ်တော့မှမလုပ်နိုင်တော့ပါဘူး ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး ဖြေးဖြေးချင်းကြိုးစားကြည့်ပါနော်💪🏽💪🏽

image