2 w - Translate

Ghost ဆက်သွယ်ရေး ပလက်ဖောင်းကို အီးယူရဲများ ဖျက်သိမ်း
------------------------
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေကြေးခဝါချမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လို့ နာမည် ဆိုးနဲ့ ကျော်ကြားတဲ့ ဆက်သွယ်ရေးပလက်ဖေါင်းတစ်ခုကို နိုင်ငံတကာဥပဒေစိုးမိုးမှု စစ်ဆင်ရေးတစ်ခုနဲ့ ဖျက်သိမ်း နိုင်ခဲ့ပါတယ်။ Ghost လို့ လူသိများပြီး ကုတ်ဝှက်ထားတဲ့ ဆက်သွယ်ရေးပလက်ဖောင်းကို ဖျက်သိမ်းလိုက်ပြီလို့ ဥရောပသမဂ္ဂ EU ရဲ့ ဥပဒေစိုးမိုးရေးအေဂျင်စီ Europol(ယူရိုပိုလ်)က စက်တင်ဘာ ၁၈ ရက်မှာ ပြောကြားခဲ့တာ ပါ။

အဲဒီ စုံစမ်းစစ်ဆေးမှုမှာ နိုင်ငံအများအပြားက သံသယရှိသူ ၅၁ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ထပ်လည်း ဖမ်းဆီးရမိဖွယ်ရှိတယ်လို့ သိရပါတယ်။ Ghost ပလက်ဖောင်းဟာ သူ့ရဲ့ အဆင့်မြင့်လုံခြုံရေးအင်္ဂါရပ်တွေကြောင့် ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းတွေကြားမှာ ရေပန်းစားလာခဲ့လို့ ဒါကို ဖျက်သိမ်းမှုဟာ ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းထား တဲ့ ရာဇဝတ်မှုကွန်ရက်တွေအတွက် သိသာထင်ရှားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးဟာ အသက် အန္တရာယ်ခြိမ်းခြောက်မှုများစွာကို တားဆီးနိုင်ခဲ့ပြီး သြစတြေးလျက မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းတစ်ခုကို ဖျက်သိမ်း နိုင်ကာ ကမ္ဘာတစ်ဝန်းမှာလည်း လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့ ငွေသား ယူရို ၁ သန်းတို့ကို သိမ်းဆည်းရမိခဲ့ တယ်လို့ Europol က ပြောပါတယ်။ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ ဆွီဒင်နဲ့ အမေရိကန်တို့က အာဏာပိုင်တွေရဲ့ အကူအညီနဲ့ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေချိန်မှာ တရားမဝင် လှုပ်ရှားမှုတွေ ရပ်တန့်သွားလိမ့် မယ်လို့ မျှော်လင့်ရပါတယ်။

image